" ပါပါး!"

Daddyကိုယောင်နေတဲ့ Baby လေးကိုကြည့်ပြီး မျက်ရည်ကျနေမိသည်။ ကျွန်တော်ကိုယ့်ကျွန်တော်မျက်ရည်လွယ်တာကိုလည်း ဒေါသဖြစ်မိသည်။

♥♥♥

Hospital

ဆရာဝန်က Singtoတို့အဖွဲ့ကိုမြင်ကာ
လန့်သွားသည်။

" သခင်လေးတို့ ပါလား လူအုပ်လိုက်ကြီး
ဒီကိုဘာလာလုပ်တာလဲ "

" Daddy အကြောင်းကျွန်တော့်သိထားပြီးပြီ
ဒေါက်တာ "

" ဘာအကြောင်းလဲ "

"မသိချင်ယောင်မဆောင်ပါနဲ့ ဒေါက်တာ
ကျွန်တော့်တို့ အားလုံးကို ဖခင်ဆုံးရှုံးရအောင်
လုပ်နေတာလား "

Off ပြောဆိုပြစ်လိုက်သည်။

" သခင်လေးတို့ အားလုံးက တကယ် သူဌေးရဲ့သားပီသကျပါတယ် သိပြီဆိုတော့ ကျွန်တော့် သူဌေးရဲ့ ရောဂါအခြေအနေကို ပြောပြပါမယ် သူဌေးက
ဦးဏှောက်အကျိတ်ဖြစ်နေတာပါ အဲ့ဒီအကျိတ်ကို ခွဲထုပ်ပြစ်ဖို့ သူဌေးကို အကြံဉာဏ်ပေးခဲ့ပေမဲ့ သူဌေးကအမြဲငြင်းတယ် အောင်မြင်မှု ရာခိုင်နှုန်းက ၃၀ပဲရှီလို့ပါ ဆေးရုံမှာ အချိန်မကုန်ပဲ သူသားလေးနားမှာပဲ နေမယ်ပြောတယ် သေခံနီးကျရင် တရုတ်ပြည်မှာ ပြန်သေမယ် ပြောတယ်. "

"ဗျာ..."

ဖော့ရဲ့ဆုံးဖြတ်ချက်ကိုကြားပြီး
ကျွန်တော့်တို့ အားလုံး မျက်ရည်ကျမိသည်။
Daddyက ကျွန်တော်တို့အားလုံးကို
ပျော့ညံ့တဲ့လူသားလို့ ထင်ပြီး
ဒီလိုဆုံးဖြတ်လိုက်တာလား

"သိတဲ့အတိုင်း သခင်လေး kitက အသက်၁၈နှစ်တောင် မပြည့်သေးတဲ့ ကလေးပဲရှီသေးတယ် ပြီးတော့ကိုယ့်ဝန်ဆောင်သည်လည်းဖြစ်တယ်
မွေးခံနီးပြီဆိုတော့ သခင်လေးသိမှာ သူဌေးက အရမ်းကြောက်နေတယ် တကယ်တော့ သခင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ကားမောင်းသင်တုန်းက သူအမေဆုံးထားတဲ့ စိတ်ဒဏ်ရာကလည်း ရှီတယ် အဲ့ဒီစိတ်ဒဏ်ရာကို ဆေးရုံမှာ တစ်လလောက် ဆေးကုသခံခဲ့ရတယ်ဆိုတာ သခင်လေးsing သိပါတယ် "

" ကျွန်တော့် သိပါတယ် ဒါပေမဲ့ ဖုန်းကွယ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ ဖုန်းကွယ်ရင်းနဲ့ Daddyတစ်ခုခုဖြစ်သွားမှ kitသိရင် kitရူးသွားလိမ့်မယ် "

" ဟုတ်တယ် singပြောတာမှန်တယ် ငါတို့
အရင်ဆုံး ဖော့ကို ဖျောင်းဖျရမယ် "

" သခင်လေးတို့ ပြောတာ အမှန်ပါ ဒေါက်တာလည်း ခွဲစိတ်မှုကို အကောင်းဆုံးကြိုးစားပါမယ် ဒေါက်တာကတော့ စွန့်စားကြည့်စေချင်တယ် ဒါပေမဲ့ လူနာအသက်ကို လူနာရှင်ခွင့်မပြုပဲ စွန့်စားခွင့်မရှီဘူးလေ ဒေါက်တာကတော့ သူဌေးအတွက် မျှော်လင့်ချက် နည်းနည်းရှီလည်း ထားစေချင်တယ် ဒါပေမဲ့သူဌေးက သူရောဂါထက် သူသားလေးကို ပိုစိတ်ပူနေတယ် သခင်လေးkitကလည်း ယောက်ကျားလေးကိုယ့်ဝန်သည်ဆိုတော့ သာမာန်ဖြစ်စဉ်မဟုတ်လို့ သူဌေးက အရမ်းစိတ်ပူနေတာ "

" ဟုတ်ကဲ့ ဒေါက်တာ ကျွန်တော့်တို့ ဖော့ကို ရအောင်ဖျောင်းဖျပါမယ် "

Singto Pov

ဒေါက်တာနဲ့ တွေ့ပြီး ကျွန်တော်တို့စိတ်တွေလေးလံနေသည် Babyလေးကို စိတ်ပူတာကတစ်ကြောင်း Daddyကို စိုးရိမ်တာကရင်ထဲမှာ ပူလောင်နေတာက ပိုဆိုးပါတယ် ဒီလိုမုန်တိုင်းကို ကျွန်တော့် ဘယ်လိုကျော်ဖြတ်ရမလဲ

Baby BossWhere stories live. Discover now