Guileful Cirrus Ch-54

Start from the beginning
                                    

"ခံရခက်တယ်မလား? နောက် ၅ ချက်လောက်ဆိုမင်းအသက်ထွက်ပြီးဝဋ်ကျွတ်လောက်ပြီ ခဏသည်းခံလိုက်"

ဟင့်အင်း

မသေချင်သေးဘူး

သူ့လက်ထဲ သူ့ရင်ခွင်ထဲမှမဟုတ်ရင် ဘယ်နေရာမှာမှမသေချငိဘူး

သူဆိုတဲ့အစွဲမှပါမသွားရင် ကျွန်တော့်သေခြင်းတရားမြင့်မြတ်လောက်မယ်မထင်ဘူး ဒီလောက်ချစ်ခဲ့ပြီးခါမှ ဒီဘဝနဲ့တင်မလုံလောက်ဘူးထင်လို့ နောင်ဘဝတွေမှာပါဒီနာကျင်မှု ဒီအချစ်တိုင်း သယ်သွားချင်ခဲ့မိတာကျွန်တော့်လိုအရူးတစ်ယောက်ရဲ့ဆန္ဒသာဖြစ်တယ်

ထိုလူက အပေါ်ရုံပြီးဝတ်ထားတဲ့ Jaehyun ရဲ့အင်္ကျီကိုဆွဲဖယ်လိုက်သည်

မဖယ်ပါနဲ့ပြောချင်ပေမယ့် ကျွန်တော့်မှ နှုတ်အားရော ကိုယ်အားရောမရှိခဲ့ဘူး။

အောက်ဆုံးတစ်ထပ်သာကျန်တဲ့ ကျွန်တော့်ရဲ့အင်္ကျီကို ကြယ်သီးမှမဟုတ်ဘဲ ဓားမြှောင်တစ်လက်နဲ့အလည်ကိုခွဲချကာဖွင့်ဟလိုက်သည်။

တိတ်ဆိတ်ရုံတင်မက အေးစက်နေတဲ့ဆောင်းလေအပြည့်ဝင်နေတဲ့ဒီ အခန်းကြီးထဲက လေအေးတွေကကျွန်တော့်ရဲ့အင်္ကျီမရှိတော့သော ရင်ဘတ်နဲ့ဗိုက်သားပြင်ကိုတိုက်ရိုက်လာထိတော့တယ်။ စိမ့်ခနဲအေးသွားမိတော့ နောက်တစ်ချက်လာမယ့်လျှပ်စီးကြောင်းကိုမကြောက်မိဘဲ တစ်ခုတည်းသောရင်ခွင်နန်းတစ်ခုကိုတောင့်တမိတယ် ဒါဟာကျွန်တော့်ရဲ့သက်သက်မဲ့အမှတ်မရှိမှုပဲဖြစ်လိမ့်မယ်

"အားးးး"

အောက်နှုတ်ခမ်းကိုကျွန်တော်တင်းနေအောင်ထပ်ကိုက်ထားလိုက်ရပြန်သည်

ဗိုက်သားကိုလျှပ်စီးကြောင်းတို့လာတာကြောင့် အထဲကကလီစာနဲ့အစာအိမ်တို့ မူပျက်ပြီး ကြောက်မက်ဖွယ်ထခုန်ကာပေါက်ထွက်ခါနီးသလိုခံစားလိုက်ရသည်။

"မင်းက ငါတို့ထင်ထားတာထက်အသက်ပြင်းနေတာပဲ ကြည့်ရတာ ဗို့အားနည်းနေလို့နဲ့တူပါတယ်"

နောက်တစ်ချက်က ပိုပြီးပြင်းထန်တယ်

ဓာတ်လိုက်ခံရပြီးသေရတဲ့လူတွေထဲမှာကျွန်တော်သာပါသွားခဲ့ရင် ကျွန်တော်ရဲ့သေဆုံးမှုဟာအရက်စက်ဆုံးဖြစ်ချင်ဖြစ်နေပါလိမ့်မည်။

Guileful Cirrus Where stories live. Discover now