Guileful Cirrus Ch-50

Start from the beginning
                                    

ဒီခွေးကြိုးကလွတ်လာပြီး ဂိုထောင်ထဲက Taeyong ကိုဝင်ဆွဲတဲ့ကိစ္စဟာတစ်ယောက်ယောက်ရဲ့ အစီအမံဆိုတာကိုကျွန်တော်ချက်ချင်းသဘောပေါက်သွားတယ်

"ငါသာရှိမနေရင် မင်းတွေးရဲစရာတောင်မရှိဘူး အဲ့ဒါ Yuta ရဲ့ခွေး အရမ်းသွေးဆိုးလွန်းလို့ သံကြိုးမာမာနဲ့ချည်ပြီးလှောင်ထားတာ"

"........"

ကျွန်တော်နောက်က ကလေးသူငယ်ကဘာအသံမှထွက်မလာဘူး

ကျွန်တော်သူ့ကိုကျောခိုင်းထားလျက်ထိုင်ချလိုက်ပြီး

"လာ ငါ့ပေါ်တက် ငါကုန်းပိုးသွားမယ်"

"လမ်းလျှောက်သွားလည်း အိမ်ရောက်တာပဲ ခြံထဲမှာပဲကို"

"မင်းကိုထပ်ပြီးအားမကုန်စေချင်လို့ပေါ့ကွာ တက်ဆိုတက်လိုက်"

ကျောကုန်းပေါ်ကို သတ္တဝါတစ်ကောင်လို့ ဘုတ်ခနဲတက်လာတဲ့ သူ့ရဲ့အလေးချိန်ကြောင့် ကျွန်တော့်ကျောပြင်အနည်းငယ်အိကျသွားသည်

ဂိုထောင်နဲ့အိမ်က တစ်ခြံတည်းမှာပဲ တကယ့်ကိုနီးနီးလေးပေမယ့် သူ့ကိုကျွန်တော်မြေပေါ်တောင်ပေးမချစေချင်တော့ဘူး

ဒါ့ကြောင့် ကုန်းပိုးကာ အိမ်ထဲမှတစ်ဆင့် အခန်းထဲအထိခေါ်လာတယ်

"ဟာာာ အစ်ကိုလေး"

အပေါ်ထပ်တက်မယ့်လှေကားအရှေ့မှာ Johnny ကကျွန်တော်တို့၂ယောက်ကိုတွေ့လို့ရေးကြီးသုတ်ပြာဖြစ်သွားသည်။ သူလည်း Taeyong ကိုသေချာမစောင့်ရှောက်ပေးနိုင်ဘူး

"ဘယ်လိုတွေဖြစ်လာတာလဲဟင်? ပေး ပေး"

ကျွန်တော့်ကျောပေါ်က Taeyong ကိုလက်ကနေဆွဲချမလို့လုပ်နေတဲ့ Johnny ကိုကျွန်တော်နည်းနည်းရှောင်လိုက်ပြီး

"ရတယ် ငါပဲကုန်းပိုးလက်စနဲ့အပေါ်ထပ်ဆက်ခေါ်သွားလိုက်မယ် Taeyong စားဖို့မင်းတစ်ခုခုစီစဉ်ပြီးအခန်းထဲယူခဲ့"

"nae"

ကျွန်တော့်အနောက်က Johnny ကလှေကားထစ်ပေါ်ကနေပြာပြာသလဲပြန်ဆင်းသွားတယ်

အခန်းထဲရောက်တဲ့အချိန်မှာ ကျွန်တော့်ဂုတ်ပိုးပေါ်စည်းချက်မှန်မှန်ကျနေတဲ့ Taeyong ရဲ့ထွက်သက်အငွေ့အသက်လေးကိုကျွန်တော်အဆက်အသွယ်ဖြတ်ရတော့မည်ဖြစ်သည်။ ကျွန်တော်ကအိပ်ရာပေါ်ချပေးလိုက်တော့ ထင်ထားတဲ့အတိုင်း သူ့အနွေးဓာတ်နဲ့နှာဖျားကဖြည်းညှင်းစွာထွက်လာသောထွက်သက်ငွေ့ကပါကျွန်တော့်ခန္ဓာကိုယ်ကကွာကျပြီး သူနဲ့အတူအိပ်ရာပေါ်ရောက်သွားရသည်

Guileful Cirrus Where stories live. Discover now