၃၈

10.8K 1.2K 73
                                    

Unicode Ver

စုမန်က လုံးဝစိတ်ပျက်သွားပုံရတယ်။ လီရှုဝမ်က စုမန်ကို ကြိုက်နေသေးတော့ ညှာပြီးငြင်ငြင်သာသာ ဆက်ဆက်ဆံတယ်။ ဒါပင်မယ့် စုမန်က သူ့ကိုခွင့်လွှတ်မပေးဘူး။

နောက်ဆုံးမှာတော့ လီရှုဝမ်က သူမကို စိတ်ပျက်လာပြီး တစ်ခါတလေ သူမစိတ်ခံစားချက်တွေကိုတောင် ဂရုမစိုက်တော့ဘဲ အားသုံးကာလှဲချပြန်တယ်။ ဒါတွေပြီးတဲ့နောက်မှာ စုမန်က ရှောင်ယန်ကို သစ္စာဖောက်သလိုခံစားရပြီး လီရှုဝမ်ကို မုန်းတီးလာတယ်။

သိပ်မကြာလိုက်ပါဘူး။ Sadistလီရှုဝမ်နဲ့ Masochistစုမန်ရဲ့ ပြင်းပြတဲ့အချစ်ဇာတ်လမ်းက စတင်တော့တယ်။ သူတို့အတူအိပ်ပြီးသွားရင် သူမက ငိုတယ်။ ငိုပြီးသွားရင် အတူပြန်အိပ်ကြတယ်။ အိပ်ပြီးသွားရင် ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ပြီးရင် အတူပြန်အိပ်ကြတယ်။

ပြီးတော့ အဲ့ဒီမှာ စုတပေါင်လို အလိမ်ကောင်းတဲ့ ညဏ်ကြီးရှင်လေးရှိသေးတယ်။ သူက ရှောင်ယန်စီးပွားရေး ပြန်စလို့ရလောက်တဲ့ ငွေတွေအများကြီးကို ဘဏ်ကနေ hackတယ်။ စုတပေါင်က သူ့အဖေနဲ့ အမေ နောက်ဆုံးပြန်ပေါင်းရမယ်လို့ ဆုံးဖြတ်ပြီးသွားပြီ။

အခန်းအောင်းကာ အချိန်ဖြုန်းရင်း တောက်တောက်ပပပြုံးနေတဲ့ ရှောင်ယန်ကို နဉ်ရှုက သတိထားမိတော့ တန်းသံသယဝင်လာတယ်။ သူမသူ့ဆီမှာရှာလိုက်တော့ ဘဏ်ကဒ်တစ်ကဒ်တွေ့တယ်။ စုတပေါင်က သူ့ကိုဒီပိုက်ဆံတွေ ပေးထားမှန်း သိလိုက်တဲ့အခါ စုတပေါင်ရဲ့ မိဘအပေါ် စုံလုံးကန်းအချစ်ကြောင့် သူမသက်ပြင်းချမိတယ်။ ပြီးတော့ သူမရဲကိုခေါ်လိုက်တယ်။

စုတပေါင်လိုလူမျိုးက စာရိတတရားမရှိဘူး။ နိုင်ငံအပေါ် သစ္စာလည်းမရှိဘူး။ အကြမ်းဖက်သမားတစ်ယောက် ဖြစ်ဖို့ထက်တောင်လွန်တဲ့ သာမန်မဟုတ်တဲ့ညဏ်ရှိတယ်။ နိုင်ငံက သူ့ကိုထိန်းသိမ်းထားပြီး အသုံးချနိုင်တင်တော့ ကောင်းပါတာပေါ့။ မလုပ်နိုင်ရင်တော့ အန္တာရယ်အကြီးကြီးပဲ။

ရဲတွေက ချက်ချင်းပဲ လှုပ်ရှားကြတယ်။ စုတပေါင်က ပိုက်ဆံအများကြီး ခိုးထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စုတပေါင်က ဘယ်လောက်တော်တော် သူကအသက်၆နှစ်ပဲရှိသေးတယ်။ သူကို လက်နက်ကိုင်ရဲတွေက တန်းဖမ်းလိုက်တယ်။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now