၂၂

9.7K 1.2K 22
                                    

Unicode Ver

၂၁။ ငါ့ပိုက်ဆံခိုးခံရမှာ စိုးရိမ်ရတယ်

"ဟား ဟား ဟား"
နဉ်ရှုက အေးစက်စွာ ရယ်လိုက်တယ်။ ပြီးတော့ စားပွဲပေါ်က ပိုက်ဆံတွေကို အိတ်ထဲပြန်ထည့်လိုက်တယ်။

လီရှုဝမ်က ဒါကိုမြင်လိုက်ရတော့ သူဇဝေဇဝါနဲ့ မေးလိုက်တယ်။
"ကျွန်တော်တို့ အခု ရှောင်မိသားစုကို ဘယ်လိုပြိုကွဲအောင် လုပ်မလဲ တိုင်ပင်နေကြတာမလား? အမကြည့်ရတာ ပြန်တော့မယ့်ပုံနဲ့"

"လူချောလေး ငါအရင်ပြန်နှင့်မယ်"
နဉ်ရှုက ခံစားချက်မဲ့စွာ ပြောတယ်။ နင်က သနားစရာကောင်းတဲ့ ဇာတ်ပို့ဖြစ်နေတဲ့ ကံကြမ္မာနဲ့ပဲ တန်တယ်လေ။

လီရှုဝမ်က နဉ်ရှုကို ပိတ်လိုက်တယ်။
"ပြန်ထိုင်ဦး။ နည်းနည်းထပ်ဆွေးနွေးရအောင်။ ဘယ်လောက်ရှိလဲ သိရအောင် အိတ်ထဲက ပိုက်ဆံတွေ ဘာလို့အကုန်မထုတ်တာလဲ?

"မထုတ်နိုင်ဘူး"
နဉ်ရှုက ခိုင်ခိုင်မာမာပဲ ပြောတယ်။
"အကုန်ထုတ်ရအောင် စိတ်မချရဘူး။ တစ်ယောက်ယောက်က ငါ့ပိုက်ဆံတွေ ခိုးသွားမှာ စိုးရိမ်ရတယ်"

လီရှုဝမ် : . . . ငါအခု ဒီမိန်းမဆီမှာ အနှပ်ခံလိုက်ရပြီလား

အဆုံးမှာတော့ ခက်ခဲပင်မယ့် သဘောတူညီချက်ရအောင် သူတို့ညှိနိုင်ခဲ့ကြတယ်။ ဒါဘာလို့ခက်ရတာလဲ? ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ပို့အကောင်က သူ့ရှယ်ရာတွေကို ၁၀ပုံ၁ပုံလောက် အမြတ်လိုချင်နေပြန်လို့ပဲ။ နဉ်ရှုက ဒါကိုသည်းခံစရာမှ မရှိတာ။ ဒီအပေးအယူမှာ သူ့ရပိုက်ခွင့်တွေ အကုန်ဆုံးရံှုးရင်တောင် သူက အလှလေးကို အိမ်အပါခေါ်နိုင်မှာလေ။ ဒါဆိုရင်ပဲ သူ့အတွက် ကောင်းတယ်လို့ မှတ်ရနေပြီပဲဟာ။ ဒါကြောင့် နဉ်ရှုက နည်းလမ်းတချို့သုံးလိုက်ရပြီး နောက်ဆုံးမှာတော့ သူမကို ၁၀ပုံမှာ ၄ပုံပေးဖို့နဲ့ပဲ သဘောတူလိုက်ရတော့တယ်။

"မိတ်ဆွေအနေနဲ့ အကြံပေးမယ်။ စုမန်ရှေ့မှာ နင့်ရဲ့ ဖြူစင်ရိုးသားတဲ့ပုံရိပ်ကို ထိန်းလို့ရအောင် သူတို့ကိုလှည့်စားဖို့ ရှေ့ကဟန်ပြမယ့် ကုမ္ပဏီတစ်ခုကိုရှာ"
နဉ်ရှုက သူ့ပုခုံးကိုပုတ်ပြီး ထွက်သွားတယ်။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now