၂၄

9.3K 1.1K 12
                                    

Unicode Ver

၂၃။ စုမိသားစုအခြေအနေ 

"အဟမ်း"
စုပေါက လည်ချောင်းရှင်းပြီး ပြောတယ်။
"ရန် ဒါကိုအစောကြီးထဲက သိထားတာလား?"
စုပေါက စိတ်ရှုပ်ထွေးဟန်ပေါ်နေပင်မယ့် စိတ်ဓာတ်ကျစွာ ဆက်ပြောတယ်။
"စုမိသားစုက ဒီတစ်ခါတော့ အထိနာသွားပြီ။ အရင်တုန်းကရဲ့ ၁၀ပုံ၁ပုံလောက်အထိကို လုံးဝထိုးကျသွားပြီ"

နဉ်ရှုက ထူးမခြားနားလေသံနဲ့ "သြော်"ပဲ ပြောလိုက်တယ်။ လက်ရှိအခြေအနေက မူလဇာတ်ကြောင်းထက်စာရင်တော့ အများကြီးတော်ပါသေးတယ်။ ဇာတ်ကြောင်းအရဆို စုမိသားစုက လုံးဝချွတ်ခြုံကျမွဲသွားတာ။ အဲ့အချိန်တုန်းက စုပေါက စုလန်နဲ့ပဲ ထွက်ပြေးသွားတယ်။ မူလကိုယ်ကို စုသခင်မကြီးနဲ့ ပစ်ထားခဲ့ပြီး သူမက ပြည့်တန်ဆာအဆင့်လောက်အထိ ဖြစ်သွားတော့တယ်။ ရလဒ်အနေနဲ့ကတော့ သူမလို မုန်းစရာ့နယ်ရုပ်လေးကတော့ အမုန်းခံရတာနဲ့တင် တော်သင့်ပင်မယ့် စုတပေါင်က နိုက်ကလပ်အထိ လိုက်လာပြီး သူမကို အနိုင်ကျင့်သေးတယ်။ ကလေးက နိုက်ကလပ်ကို လာလည်လို့ ကောင်းလို့လား? ဥက္ကဌရှောင်သားက သူမကို တမင် ခက်ခဲအောင်လုပ်နေတော့ ဘယ်ကလပ်မှ သူမကို မခေါ်ရဲကြတော့ဘူး။ စုရန်က သက်တောင့်သက်သာ ကြီးပျင်းလာခဲ့တော့ အသက်ရှင်နေထိုင်ဖို့ ဘာအရည်အချင်းမှမရှိဘူး။ ဒါကြောင့် သူမဟာ စိတ်ဆင်းရဲလူဆင်းရဲကြီးစွာဖြင့် ကျောက်ရောဂါဖြစ်ပြီး သေဆုံးသွားခဲ့ရတော့တယ်။ သူမဇာတ်သိမ်းက အရမ်းသနားဖို့ကောင်းတယ်။
(🍯 : စုရန်လေးရယ် 😭😭😭)

"စုမိသားစု အလုပ်ပြန်လုပ်ဖို့ အရင်းအနှီးနည်းနည်းလောက် ရှောင်မိသားစုဆီက ပိုက်ဆံနည်းနည်းချေးဖို့ ရှောင်ယန်ကို ပြောပေးမလား?"
စုပေါက မေးတယ်။

နဉ်ရှုက စိတ်ပျက်စွာ မျက်လုံးကိုအထက်လှန်မိတယ်။ သူတို့တွေက ရှင့်ကို ပစ်မှတ်ထားနေတာလေ။ ဒါတောင် ရှင့်ကို သူတို့က ပိုက်ဆံချေးဦးမယ်ထင်နေလို့လား? ရှောင်ယန် ဦးနှောက်က ဘယ်လောက်သေသေ ဒီလိုအခြေအနေမျိုးမှာတော့ ပိုက်ဆံထုတ်ချေးမှာ မဟုတ်ဘူး။ စုပေါက ရှောင်ယန့်ကိုစမ်းသပ်ဖို့ သူမကို တကယ်ကြီး အသုံးချနေတာပဲ။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now