၃၇

10.2K 1.1K 35
                                    

Unicode Ver

မုန်းဖို့ကောင်းလိုက်တဲ့မိန်းမ! ဒီမုန်းဖို့ကောင်းလိုက်တဲ့မိန်းမပဲလား။ ရှောင်ယန်က ငါ့ကိုနာမည်တောင် တပ်မခေါ်တော့ဘူး။ သူစကားပြောလိုက်တိုင်း "မုန်းဖို့ကောင်းလိုက်တဲ့မိန်းမ!" ဆိုတာကြီးပဲ။

ရှောင်ယန်က စုမန်ကိုဖက်ထားရင်း နဉ်ရှုကို ကြည့်ကာ ပြောတယ်။
"စုမန်ကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်! ငါမင်းကို ခွင့်မလွှတ်ဘူး"

စုမန်က ခေါင်းခါလိုက်တယ်။
"သူ့ကိုဘာမှလုပ်စရာမလိုပါဘူး။ နင့်ကိုထားခဲ့ဖို့ ဆုံးဖြတ်ချက်ကိုချခဲ့တာ ငါပါ။ နင်ထွက်လာပြီဆိုတော့ ဘာမှအရေးမပါတော့ပါဘူး။ ရှောင်ယန် နင်ငါ့ကိုခွင့်လွှတ်ပေးပါ"

"မင်းက ကိုယ့်မိန်းမလေ။ ကိုယ်ဘယ်နည်းနဲ့မှ ကိုယ့်ဆီက ထွက်သွားခွင့် မပေးနိုင်ဘူး"
ရှောင်ယန်က စုမန်ကို တင်းကျပ်စွာ ဖက်ထားပြီး ပြောတယ်။ ပြီးတော့ နဉ်ရှုကို လှည့်ကြည့်ပြီး
"စုရန် ငါ့ကိုလက်လျှော့လိုက်တော့။ စုမန်ကို ခြိမ်းခြောက်ဖို့ ငါ့ကို$သုံးချတယ်လား? မင်းတကယ် စာနာစိတ်မရှိဘူး"

နဉ်ရှုက သူစုမန်ကို ဘာပြောခဲ့မှန်းတောင် မသိဘူး။ အစအဆုံး စုမန်က ရှောင်ယန်ကို ကယ်ပေးရင် ထွက်သွားမယ့်အကြောင်း သူ့ဟာသူပြောသွားတာ။

နဉ်ရှုက ဟွန့်ခနဲရယ်ကာ ကမ္ဘာပျက်သွားရု်တောင် မခွဲမယ့်ပုံစံနဲ့ ဖက်နေတဲ့နှစ်ယောက်ကို ဆွဲခွာလိုက်တယ်။ သူမက စုမန်ကိုလီရှုဝမ်ရင်ခွင်ထဲ တွန်းထုတ်လိုက်ပြီး ရှောင်ယန်ကို့ ပါးချလိုက်တယ်။ နောက်ပြီးတော့ ထပ်ရိုက်တယ်။ နောက်တစ်ခါ ထပ်ရိုက်တယ်။

နဉ်ရှုက လက်ကဖုန်တွေခါရင်း ပြောလိုက်တယ်။
"ရှောင်ယန် နင်မျက်လုံးဖွင့်ပြီး အခြေအနေကို မြင်အောင်ကြည့်။ နင်ငါ့ကို "မုန်းဖို့ကောင်းလိုက်တဲ့မိန်းမ!"လို့ အမြဲတမ်းခေါ်နေလို့ ငါ့နင့်ကို ဝမ်းနည်းစရာဇာတ်သိမ်းလေး ဖန်တီးပေးမယ်"

ရှောင်ယန်က ပါးချခံရတာကြောင့် ကြောင်သွားတယ်။ ရှောင်မိသားစုက မွဲပြာကျသွားတယ်။ သူလည်းထောင်ကျပြီးပြီ။ အခု သူချစ်ရတဲ့မိန်းမကတောင် သူ့ကိုထားခဲ့ဖို့အကြပ်ကိုင်ခံနေရပြီ။ သည်းခံထားတဲ့ ဒေါသတွေက သူ့ရင်ထဲမှာ တလိပ်လိပ်လောင်လာတယ်။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now