၁၇

9.8K 1.2K 32
                                    

Zawgyi Ver

၁၇။ အစားမက်တဲ့မိန်းမ! 

ရှောင်ယန်က သူ့အဖိုးတန်ကလေးနှစ်ယောက် ဆေးရုံတင်ရတာကြားတော့ သူ့မျက်နှာအရောင်က ချက်ချင်းပဲပြောင်းသွားတယ်။ သူ့မျက်လုံးတွေကရဲတက်လာပြီး နဉ်ရှုကို အော်တော့တယ်။
"မင်း ဘာလုပ်လိုက်တာလဲ!?"

နဉ်ရှူ: . . . ငါဘာလုပ်မိလို့လဲ? ငါဘာလုပ်မှန်း ငါ့ဟာငါတောင်မသိဘူး။

"စုရန် ငါ့ကလေးတွေ တစ်ခုခုဖြစ်လို့ကတော့ သူတို့နဲ့အတူ မင်းကိုမြေမြုတ်ပစ်လိုက်မယ်"
ရှောင်ယန်က နဉ်ရှုကို တစ်ချက်ကြည့်ပြီး ပြောတယ်။ ပြီးတော့ သူကားဆီအပြေးအလွှားသွားကာ ဆေးရုံကိုမောင်းတော့တယ်။

နဉ်ရှုက သူ့ဟာသူ နားမလည်မှုတွေအပြည့်နဲ့ မျက်နှာနဲ့ ကျန်ခဲ့တယ်။ သူပင်ပန်းလွန်းလို့ သူမရင်ဘတ်ကိုအုပ်ကိုင်ထားမိတယ်။ ဘယ်နှယ့် ဒီကမ္ဘာက လူတွေက အတော်လေးကို အကျိုးအကြောင်းမဆီလျော်တာလဲ?

"ဘယ်ဆေးရုံလဲ?"
နဉ်ရှုက အိမ်ဖော်ကို မေးလိုက်တယ်။

အိမ်ဖော်က သခင်လေးက သခင်မလေးကို အမုန်းတရားတွေအပြည့်နဲ့ ကြည့်ခဲ့တာကို မြင်လိုက်ရတော့ သူကနဉ်ရှုကို ပိုတောင်အထင်သေးတဲ့ အကြည့်မျိုးနဲ့ကြည့်လိုက်တယ်။ အားနည်းသူကို မျက်နှာလိုမျက်နှာရ နင်းချေတဲ့ အဖြစ်အပျက်တွေက နေရာတိုင်းမှာပဲ။ အိမ်ဖော်က စိတ်ရှုပ်ရတဲ့လေသံမျိုးနဲ့
"မသိဘူးဟယ်"

နဉ်ရှုက အိမ်ဖော်ကို ထူးမခြားနားအကြည့်နဲ့ပဲ မေးလိုက်တယ်။
"ဘယ်ဆေးရုံမှာလဲလို့ မေးနေတယ်မလား? ဒီမိသားစုထဲမှာ ငါ့အတွက်နေရာမရှိရင်တောင်မှ နင့်လို အိမ်ဖော်တစ်ယောက်လောက်ကိုတော့ ဖြုတ်ပစ်လို့ရတယ်"

"မြို့ထဲက ဆေးရုံမှာပါ"
အိမ်ဖော်က မြန်မြန်ပဲဖြေလိုက်တယ်။

စောစောက ဖြေလိုက်ရင် ဘာဖြစ်မှာမလို့လဲ? ကလေးနှစ်ယောက်လုံး ဆေးရုံတစ်ချိန်တည်းတက်ရတယ်ဆိုတာက ပုံမှန်မဟုတ်တာကြောင့် နဉ်ရှုက အခြေအနေသွားကြည့်ဖို့ လုပ်လိုက်တယ်။ စုတပေါင်လို အလိမ်တော်တဲ့သူတောင် ဆေးရုံတက်ရတယ်လား?

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now