၁၁

11K 1.4K 21
                                    

Zawgyi Ver

၁၁။ ဟား . . . ဟား . . . ဟား

နဉ်ရှုက သူတို့ရဲ့ မေတ္တာပြပွဲကို ဆက်ကြည့်ဖို့ စိတ်မဝင်စားတာကြောင့် အိမ်ဖော်တွကိုပဲ ပြောလိုက်တော့တယ်။
"ငါ့အတွက် ပင်လယ်ခရုချက်ထားဖို့ မမေ့နဲ့"

နဉ်ရှုစကားကြောင့် အဘိုးအဘွားနဲ့ မြေးလေးတွေက သူမကိုလှည့်ကြည့်ပြန်တယ်။ စုတပေါင် နဉ်ရှုကိုကြည့်တဲ့ အကြည့်တွေက သူ့ညီမလေးကို သူချော့နေတာတောင် တကယ့်ကိုရက်စက်ယုတ်မှာမှုတွေနဲ့ဖြစ်တယ်။ စုရှောင်ပေါင်က သူမလက်ချောင်းတွေကြားက နဉ်ရှုကိုချောင်းကြည့်နေရင်း အော်ကြီးဟစ်ကျယ်ကိုငိုတယ်။ နဉ်ရှုနဲ့ အကြည့်ချင်းစုံတိုင်း ပိုပြီးအော်ကြီးဟစ်ကျယ်ထပ်ငိုတယ်။ သူမက နဉ်ရှုကို အတော်ကြီးကြောက်နေပုံပေါ်ပြီး အသည်းအသန်ငိုနေတာက လူတွေရင်ဘတ်အောင့်စေတယ်။

"ကလေးက ဒီလိုကြောက်ဖို့ကောင်းအောင် ငိုနေတာတောင် နင်ကပင်လယ်ခရုအကြောင်း ပြောနေတုန်းပဲလား? စုရန် နင်အဲ့ဒီလောက်ငတ်နေလား? နင် 8ဘဝလုံး ပင်လယ်ခရုပဲ စားနေတာလား?"
ရှောင်သခင်မကြီးက ရှောင်ပေါင်ကို နူးနူးညံ့ညံ့လေး ချော့နေရင်း နဉ်ရှုကို ကြည့်ပြောတယ်။

နဉ်ရှု : 8ဘဝလုံးမှာ ပင်လယ်ခရု မစားဖူးပါဘူးနော်

ထင်ထားသလိုပဲ သူမရဲ့တည်ရှိမှုက အမှားတစ်ခုပဲ။ သူမဘာလုပ်လုပ် အဲ့ဒါကမှားပြီပဲ။

နဉ်ရှုက သူတို့နဲ့ စိတ်အနှောင့်အယှက်အဖြစ်မခံတော့ဘဲ ရိုးရှင်းစွာပဲ လှည့်ထွက်သွားတယ်။ ဒီကလေးတွေတောင်မှ သူမသဘောထားကိုသိရင် သူမကို ဒုက္ခရောက်အောင် လျှို့ဝှက်ကြံစီလိမ့်မယ်။ ကလေးမသာမစုမန်က ဒီလိုလိမ္မာပါးနပ်တဲ့ကလေးတွေကို ဘယ်လိုမွေးပေးနိုင်လဲဆိုတာ တကယ်အံ့သြဖို့ကောင်းတာပဲ။ ဒါမှမဟုတ် ရှောင်မိသားစုရဲ့ မျိုးရိုးဗီဇက ဒီလိုပဲလား? တကယ်လို့သာ ဒီလိုဆိုရင် ဟား . . ဟား။

ရှောင်မိသားစုရဲ့မိဘတွေက သူမသဘောထားနဲ့ပတ်သတ်ပြီး အမျက်ချောင်းချောင်းထွက်ကြတယ်။ ချွေးမက လူကြီးတွေကို ဒီလိုဆက်ဆံတာ အရမ်းအထက်စီးဆန်လွန်းတယ်! ဒါဘယ်လိုချွေးမမျိုးလဲ? မိန်းမယူရင်goalက ကိုယ်ကျင့်သိက္ခာကောင်းမွန်တဲ့အဖော်မွန်ကို လက်ထပ်ဖို့ပဲ။ ဒီလိုမိန်းမမျိုးက ရှောင်မိသားစုရဲ့ အနာဂတ်သခင်မကြီး ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ?
(🍯: Excuse me! မမနဉ်ရှုက ကိုယ်ကျင့်သိက္ခာပြည့်ဝပါတယ်နော်။ ရှင်တို့သာ ဆိုးဝါးလွန်းလို့ အကောင်းအဆိုးမခွဲနိုင်တာ)

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now