၂၉

9.3K 1.2K 21
                                    

Unicode Ver

၂၈။ ရှောင်ယန်ရဲ့ လူသတ်ရန် ကြံစီမှု 

အခုတလော ဒီအိမ်ထဲမှာ တစ်ခုခုမှားနေတယ်လို့ နဉ်ရှုကခံစားမိနေတယ်။ သူမဘာလုပ်လုပ် တစ်ယောက်ယောက်က သူမကိုစောင့်ကြည့်နေသလိုပဲ။ ပြီးတော့လည်း အဲ့ဒီသူမှာ မကောင်းတဲ့အကြံရှိနေသလိုပဲ။ အန္တရာယ်ကြောင့် သူမနောက်ကျောတွေ စိမ့်အေးနေတယ်။

ဒါဟိုသူတောင်းစား ရှောင်ယန်လုပ်တယ်ဆိုတာ နဉ်ရှုက ခေါင်းဖြတ်ပြီးတောင် လောင်းရဲသေးတယ်။ နဉ်ရှုက စောင့်ကြည့်နေတဲ့သူကို ရှာဖို့လုပ်ပင်မယ့် မတွေ့ဘူး။ ဒါကြောင့် အရာရာကိုသူမ သတိထားနေရတယ်။ သူမကိုပျော်စေတဲ့ အရာတစ်ခုကတော့ ရှောင်မိသားစု ပြိုလဲမယ့် ဇာတ်ကွက်က ရောက်ခါနီးလာလို့ပဲ။

နေ့တိုင်း သူမက ရှောင်သခင်မကြီးရဲ့ လှောင်ပြောင်စော်ကားမှုတွေကို ရင်ဆိုင်နေရတုန်းပင်မယ့် ခွေးဟောင်နေသလိုပဲ သူမသဘောထားလိုက်တယ်။ နဉ်ရှုက မတုံ့ပြန်တော့ ရှောင်သခင်မကြီးက သူမကိုပိုမုန်းလာပြီး သူမကိုနှိပ်ဆက်ဖို့ တခြားနည်းသုံးလာတယ်။ ဥပမာ အိမ်ဖော်တွေကို နဉ်ရှုအဝတ်တွေ လျှော်မပေးခိုင်းတာတို့ ထမင်းပွဲပြင်မပေးခိုင်းတာမျိုးတွေ လုပ်လာတယ်။ အလွယ်ပြောရရင် အိမ်မှာ အိမ်ဖော်တွေတောင် ယှဉ်မရလောက်အောင် နဉ်ရှုကို အဆင့်နှိမ့်ချပစ်လိုက်တယ်။

ရှောင်သခင်မကြီးက နဉ်ရှုကို ဥမဥနိုင်တဲ့ကြက်မလို့တောင် ခနခနငေါ့ပြောတက်တယ်။ နဉ်ရှုက ဆွံအသွားမိတယ်။
ဥတစ်လုံးရှိတုန်းက နင်တို့တွေပဲ ခွဲပစ်လိုက်တာလေ!
ရှောင်သခင်မကြီးက တမင်ကို အနာပေါ်ဆားပက် လုပ်နေတယ်။ ဒီခန္တာကိုယ်ကလည်း အဲ့ဒီစကားတွေကြားတိုင်း အမုန်းတွေနဲ့အတူ နာကျင်နေတက်တယ်။

ရှောင်သခင်မကြီးနဲ့ အခုရင်ဆိုင်နေရတဲ့သူက နဉ်ရှုဖြစ်နေတာ တော်သေးတယ်။ မူလကိုယ်သာရှိနေရင် ရှောင်သခင်မကြီးကြောင့် သူမရူးသွားလောက်ပြီ။ ရှောင်သခင်မကြီးက သူမကို မူလဇာတ်လမ်းထဲကထက်တောင် ပိုမုန်းနေပုံရတယ်။ ဒါကည်း သူကမူလဇာတ်လမ်းထက် ပိုဆိုးဆိုးအောင်လုပ်ခဲ့လို့ နေမှာပါ။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now