၃၃

9.4K 1.2K 25
                                    

Unicode Ver

၃၂။ သနားစဖွယ် ကွဲကွာခြင်း 

ရှောင်ယန်က ဖမ်းဆီးခံလိုက်ရတယ်။ ဒါပင်မယ့်လည်း ဒါက သူနဲ့စုမန်တို့ သနားဖို့ကောင်းအောင် ကွဲကွာခန်းရိုက်ပြီးမှဆိုတာ သေချာတာပေါ့။ စုမန်က ရဲကားနောက်ကို ပြေးလိုက်သွားတာက သူမလမ်းပေါ်မှာ လဲမကျခင်အထိပဲ။ ဒါက တကယ့်ကို ဇာတ်ဝင်ခန်းလိုပဲ။

စုတပေါင်နဲ့ စုရှောင်ပေါင်က ငိုနေတာကြောင့် သူတို့မျက်နှာကို ကွယ်ထားကြတယ်။ စုရှောင်ပေါင်ရဲ့ နဉ်ရှုကို ကြည့်တဲ့အကြည့်တွေက အခုရက်စက်ယုတ်မာစွာ အမုန်းတွေပြည့်လာတယ်။

ရှောင်ယန်က ဖမ်းခံလိုက်ရပင်မယ့်လည်း တချို့အကြောင်းတွေကြောင့် သူ့မိဘနှစ်ပါးက ရှောင်ယန်က တကယ့်ကို အဆင်ပြေသွားမှာမလို့ လုံးဝစိတ်မပူကြဘူး။

ဒါက ရှောင်သခင်ကြီးမှာ အကွက်ရွှေ့စရာရှိနေပြီလားလို့ နဉ်ရှုကို အထင်လွဲသွားစေတယ်။ ဒါပင်မယ့် တကယ်တော့ ရှောင်သခင်ကြီးက သူမဘက်ကိုလှည့်လာပြီး ရဲတွေကို အထင်လွှဲတာလို့ပြောကာ ရှောင်ယန်ကို ပြန်ထုတ်ပေးဖို့ ပြောတယ်။

သူဒီလိုဒဲ့ကြီးပြောလိုက်တာကြောင့် နဉ်ရှုက မကြောင်ဘဲမနေဖြစ်ဘူး။ သူက အစိုးရကို ရှောင်မိသားစုရဲ့ အစေခံလို တက်ဆံနေတာပဲ။ ငါ့စကားကိုနားထောင်ပြီး လူတစ်ယောက်ကို အစိုးရက လွှတ်ပေးလိမ့်မယ်လို့ သူတကယ်ကြီးထင်နေတာလား?

နဉ်ရှုက ရှောင်သခင်ကြီးကို အာရုံမစိုက်ဘဲ သူမကိစ္စကိုပဲ ဆက်လုပ်နေတယ်။ ရှောင်သခင်ကြီးက စိတ်အရမ်းတိုလာလို့ ကြမ်းပြင်ကို သူ့လမ်းလျှောက်တုတ်နဲ့ တတောက်တောက် ဆက်ခေါက်တယ်။

နဉ်ရှုကတော့ ဒီလူရူးနေတယ်လို့ပဲ ထင်တယ်။ ဘဏ်က သူတို့စံအိမ်ကို သိမ်းတော့မှာကို သူတို့ဘယ်မှာနေမလဲ စိတ်ပူရမယ် မဟုတ်ဘူးလား?

နဉ်ရှု ထင်သလိုပါပဲ။ ရှောင်ယန်ဖမ်းခံရပြီး သိပ်မကြာခင်မှာပဲ ဘဏ်ကလူတွေက အိမ်ကိုလာပြီး ပစ္စည်းတွေကို သိမ်းကြတယ်။ ဒီပစ္စည်းတွေက ရှောင်မိသားစုနဲ့ လုံးဝမသက်ဆိုင်ကြောင်း စာရွက်တွေကို ပစ္စည်းတိုင်းမှာ ကပ်လိုက်တယ်။ ရှောင်သခင်မကြီးရဲ့ လက်ဝတ်ရတနာတွေတောင် သိမ်းခံလိုက်ရတယ်။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now