၃၆

10K 1.1K 33
                                    

Unicode Ver

၃၅။ ရှောင်ယန်နဲ့စုမန်တို့ရဲ့ ပြန်လည်ဆုံစည်းခြင်း 

ရှောင်ယန်က နဉ်ရှုကို အေးတိအေးစက်ကြည့်ကာ ကားထဲဝင်သွားတယ်။

နဉ်ရှုက ဂရုကိုမစိုက်ဘဲ ရပ်ကွက်လေးထဲကို မောင်းပြန်လိုက်တယ်။ ရှောင်ယန်ရဲ့ အိမ်ထဲကိုဝင်ဝင်ချင်းအမူအယာက ရှောင်သခင်ကြီးနဲ့ သခင်မကြီးတို့ အမူအယာနဲ့ တထပ်တည်းပဲ။

ရှောင်သခင်ကြီးနဲ့ သခင်မကြီးက ရှောင်ယန်ကို ဝမ်းသားအားရကြိုဆိုကြတယ်။ ပြီးတော့ နဉ်ရှုလုပ်သမျှ မုန်းစရာကိစ္စတွေကို တန်းတိုင်ပြောကြတာပဲ။ ရှောင်ယန့်မျက်လုံးတွေက နဉ်ရှုကို ပိုအေးစက်စွာ ကြည့်လာတယ်။ သူမက သူ့အဖေကို ဒူးထောက်ခိုင်းမှန်းကြားတော့ လူသတ်ချင်စိတ်အပြည့်နဲ့ ကြည့်ပြန်တယ်။

နဉ်ရှုကတော့ အေးတိအေးစက်ပဲ ရယ်မိတယ်။ ဒီကမ္ဘာတစ်ခုလုံးက မိန်းမတွေက သူ့ကိုချစ်ပြီး သည်းခံနေမယ်လို့ သူထင်နေတာလား?

ကမ်းပေါ်ရောက်သွားတဲ့ ငါးတစ်ကောင်လို မျှော်လင့်အချက်အကုန်မရှိတော့ ရှောင်ယန်မျက်နှာက အုံ့မှိုင်းနေတယ်။ သူကအခန်းတံခါးပိတ်ကာ ဘာမှမစားတော့ဘူး။ ရှောင်သခင်ကြီးနဲ့ သခင်မကြီးက ဘယ်လောက်စားပါပြောပြော နည်းနည်းလေးတောင်မှ မလှုပ်တော့ဘူး။

နဉ်ရှုက တံခါးရှေ့က အစားအသောက်တွေကို ကြည့်လိုက်တယ်။ မစားဘူးလို့ သူငြင်းနေမှတော့ အဲ့လိုပဲဖြစ်ရမှာပေါ့။ အဲ့ဒါကြောင့် အစားအသောက်တွေကို အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်တယ်။

ရှောင်မိသားစုက အခုနဉ်ရှုငွေအပေါ်မှာ မှီခိုနေရတယ်။ နဉ်ရှုကို ဒေါသထွက်အောင်လုပ်မိလို့ ပိုက်ဆံမပေးတော့ရင် သူတို့ပဲထပ်ငတ်ခံရဦးမှာ။ တစ်ခါလောက် တစ်နေ့လုံး အဆာခံနေဖူးသွားတော့ ရှောင်သခင်မကြီးက မာနတွေခဝါချကာ နဉ်ရှုဆီက ပိုက်ဆံတောင်းတော့တယ်။ အဲ့ဒါမှ နောက်ဆုံး သူတို့စားလိုက်ရတယ်။ အဲ့ဒါကြောင့် ရှောင်သခင်ကြီးနဲ့ သခင်မကြီးက နဉ်ရှုကပဲ နှိပ်ဆက်နေသူကြီးလို လိပ်ခဲတည်းလဲအကြည့်တွေနဲ့ အမြဲကြည့်ကြပင်မယ့် ဘာမှတော့ မပြောရဲကြပါဘူး။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now