၂၆

9.3K 1.1K 48
                                    

Unicode Ver

၂၅။ လွှတ်ချပြီး ဘဝအသစ်တစ်ခုရှာလိုက်

နဉ်ရှုက စုလန်အပြုအမူတွေကို ကြည့်ရင်းဒီကမ္ဘာမှာ သူ့လောက် ဆွံအအောင် လုပ်နိုင်တဲ့သူ မရှိတော့ဘူးလို့ ထင်မိတယ်။ သူ့အဖေက သူများတွေရှေ့မှာ သူ့ကိုယ်သူနှိမ့်ချနေရတာလည်း သူသတိမထားမိဘဲ ကလေးနှစ်ယောက်ရှေ့မှာ သူ့ကိုယ်သူ လူကောင်းကြီးလို လုပ်ပြနေသေးတယ်။ ဒီလိုပုံစံမျိုးနဲ့ ချမ်းသာတဲ့မိသားစုမှာ မွေးလာတာ သူတကယ်ကံကောင်းတယ်။ ဆင်းရဲတဲ့မိသားစုမှာဆိုရင် သူဒီလိုသေနေတဲ့ ဦးနှောက်မျိုးနဲ့ဆိုရင် အခုအချိန် မရေမတွက်နိုင်အောင်ကို သေနေလောက်ပြီ။

နဉ်ရှုဘေးမှာ ရပ်နေတဲ့ စုသခင်မကြီးကတော့ ဒါကိုမြင်ပြီး ဒေါသတွေထွက်ကာ မေ့လဲတော့မတက်ဘဲ။
ငါ့သားက ဒီမိန်းမပျက်ရဲ့ ကလေးတွေကို သွားသကာရည်လောင်းနေတယ်လား!?
နဉ်ရှုက စုသခင်မကြီး လက်ကိုတင်းတင်းဆုပ်ပေးလိုက်ပါတယ်။ စုသခင်မကြီးရဲ့ လက်ရှိခံစားချက်ကို သူမနားလည်ပေးနိုင်ပါတယ်။

သူမကလေးနှစ်ယောက်ကို ကြည့်မိလိုက်တာနဲ့ သူတို့ကို သူမကတစ်ခုခုလုပ်တော့မှာမလို့ ကြောက်လန့်တကြား အမူအယာမျိုးနဲ့ ရှောင်ယန်ခြေထောက်ကို ဖက်ထားကြတယ်။
(🍯: အား!!! အဲ့လိုကလီကမာလုပ်တဲ့ ကလေးစုတ်လေးတွေ အရမ်းမုန်းပါတယ်နော်!!!)

ရှောင်ယန်က သူ့ကလေးတွေကို ကာကွယ်တဲ့ပုံ တန်းလုပ်လိုက်တယ်။ ပြီးတော့ စုမိသားစုဝင်တွေကို ကြည့်ပြီး ရွံ့ရှာတဲ့လေသံမျိုးနဲ့
"ခင်ဗျားတို့ အားလုံးရှိနေမှတော့ ပြောခွင့်ရတာပေါ့"
ရှောင်ယန်က နဉ်ရှုကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
"အခုပဲ အဲ့မိန်းမနဲ့ ကွာရှင်းတော့မယ်"

ရှောင်ယန်က ကွာရှင်းမယ် ပြောတာကို ရှောင်မိသားစုက အမူအယာသိပ်မပြပင်မယ့် စုမိသားစုကတော့ ဗုံးခွဲခံလိုက်ရသလိုပဲ။ စုသခင်မကြီးက ရှောင်သခင်မကြီးကို တန်းရန်တွေ့တော့တယ်။
"ဘယ့်နှယ် ရုတ်တရပ်ကြီး ဘာလို့ကွာရှင်းမယ် ပြောနေကြတာလဲ? ကျွန်မသမီးက ဘာအမှားလုပ်မိလို့လဲ? ကွာရှင်းချင်တယ်ဆိုရင်တောင် အကြောင်းပြချက်တော့ ပေးမှပေါ့"

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now