မင်္ဂလာပါ

9.8K 160 32
                                    

Sawadi Krub 😄😄

စိတ်ကူးယဉ် ဝတ္တုတွေ မကြိုက်ဘူး ဆိုရင် ဒီကနေ လှည့်ပြန်နိုင်ပါပြီ ။ တွေးချင်ရာ တွေး ရေးချင်ရာ ရေး ပြီး စိတ်ကို လွှတ်ပေးထားမှာ မို့ပါ ။ တော်တဲ့သူ မဟုတ်လို့ ဟာကွက်တွေ ရှိနိုင်ပါတယ် ။ ဇာတ်ကောင်တွေကို သူ့တို့ ခံစားချက်အတိုင်း လွှတ်ပေးလိုက်မလို့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စိတ်ကူးယဉ် ဝတ္တုတွေ မကြိုက်ဘူး ဆိုရင် ဒီကနေ လှည့်ပြန်နိုင်ပါပြီ ။ တွေးချင်ရာ တွေး ရေးချင်ရာ ရေး ပြီး စိတ်ကို လွှတ်ပေးထားမှာ မို့ပါ ။ တော်တဲ့သူ မဟုတ်လို့ ဟာကွက်တွေ ရှိနိုင်ပါတယ် ။ ဇာတ်ကောင်တွေကို သူ့တို့ ခံစားချက်အတိုင်း လွှတ်ပေးလိုက်မလို့ ... ။

ဒီတစ်ခါ ဖန်တီးမှုလေးက လက်တွေ့ မဆန်ပေမယ့် ကိုယ့်ကို ယုံတယ်ဆို အဆုံးထိ လိုက်ခဲ့ပေးပါ .... အနည်းဆုံးတော့ တစ်ခေါက်လောက် ပြုံးမိစေရမယ် ။

Penchant လေး ပြီးကတည်းက ဘွဲ့မရ မချင်း အသစ်မရေးဘူးလို့ ကြွေးကြော်ခဲ့တာ ကိုယ်ပါ ... အမှန်ပါပဲ ။ ဒီ killer လေးက အသစ်မဟုတ်ပါဘူး အရင်တစ်ခါ တင်ဖူးပါတယ် ။ ဖတ်ဖူးတဲ့သူ ရှိရင် မှတ်မိမှာပါ ဟဲဟဲ .. အဆုံးထိတော့ မပြီးခဲ့ဘူးပေါ့ (ကိုယ့်အမှားပါ Penchant မပြီးဘဲ ရေးခဲ့မိတာကိုး )

အစကတော့ ဆက်မရေးတော့မလို့ပဲ ...
ဒါပေမယ့် cover က အရမ်းမိုက်နေတော့ တအား ဆွဲဆောင်လွန်းတယ် (cover လက်ဆောင်ပေးတဲ့ ညီမလေး Chora ရဲ့ လက်ရာက တကယ် ရင်ထဲထိ ရောက်တယ် )
နောက်တစ်ခုက ဇာတ်လမ်း တစ်ခု စမိရင် ဆုံးတဲ့ထိ ရေးကို ရေးမယ်လို့ ခံယူထားသူမို့ပါ

စကားတွေ များမိပြန်ပြီ ...ကိုယ်က လေကြော သိပ်ရှည်တာ ...

ခုမှ Killer ကို ပြန်ဖတ်မိပြီး "ဟင် ဒါ ငါရေးထားတာ ဟုတ်ရဲ့လား " ဆိုပြီး တအံ့တသြ  ..... 

တကယ် မှတ်တောင် မမှတ်မိဘူး ဘယ်လောက် ကြာနေပြီလည်း ဆိုတာ သိပ်သိသာတယ် 😆😆

တစ်နေ့ တစ်ပိုင်း ပြန်တင်မယ်နော် ....

အစအဆုံး ပြီးမှ တင်မလို့ပဲ
အဲ့လို စိတ်ကူးလိုက်ကတည်းက ရေးကို မရေးတော့တာ (လူ့စိတ်များ အကျင့်ကို မကောင်းဘူး တွန်းအားလေး နည်းနည်းလောက် ရှိမှ ရွေ့ချင်တဲ့ အမျိုး )

Heartless killer !Where stories live. Discover now