အခန်း ၁၂ - မေတ္တာတရားရဲ့ လူပ်ရှားမှုအသေးအဖွဲများ

Start from the beginning
                                    

ချောင်အန်းဟောင်ရဲ့မျက်နှာပုံသဏ္ဍာန်မှာ လုကျင်းညန်ကို ဆက်ပြီး စိုက်ကြည့်နေခဲ့တဲ့အခါ နူးညံ့ပျော့ပျောင်းသိမ်မွေ့နေခဲ့၏ ။

သူမရဲ့လက်များမှာ လွှတ်ခနဲ သူ့ရဲ့မျက်လုံးများမှ စတင်ကာ နှာတံတစ်လျောက်အထိ သူ့ပုံရိပ်တိုင်းကို ကြင်နာစွာ ပွတ်သပ်ပေးနေခဲ့ရင်း ...

၃ လကြာခဲ့ပေမယ့်လည်း မှတ်ဉာဏ်များက ထင်းထင်းရှင်းရှင်း ရှိနေခဲ့လျက် ... သူမ အရာအရာတိုင်းကို မှတ်မိနေခဲ့သည် ... သူ့ရဲ့ နူးညံ့ပျော့ပျောင်းနေတဲ့ နူတ်ခမ်းသားလေးတွေ ...

ချောင်အန်းဟောင်ရဲ့ နှလုံးခုန်နူန်းမှာ မြန်လာခဲ့၏ ။ သူမရဲ့လက်များမှာတော့ သူ့နူတ်ခမ်းပုံရိပ်တွေကို ဆက်ပွတ်သပ်နေရင်း ...

ဒါပေမယ့် သူမရဲ့ကိုယ်ပိုင် 'တစ်ဖက်သတ်အချစ်' ဆိုတဲ့ စကြာဝဠာထဲမှာ နစ်မြှုပ်နေခဲ့တုန်း ... ရုတ်တရက် ဝင်လာတဲ့ message ကြောင့် ဖုန်းထမြည်ခဲ့၏ ။

လုကျင်းညန်မှာ အနှောင့်အယှက်ဖြစ်သွားတာကြောင့် စိတ်ဆိုးသွားပုံရသည်။

ချောင်အန်းဟောင်မှာလည်း တုန်တက်သွားခဲ့ပြီး သူမရဲ့လက်များကို အလိုအလျောက် ပြန်သိမ်းယူခဲ့သည်။

အဲဒီနောက်မှာ စောစောက ကျသွားတဲ့ cream တွေကို မြန်မြန်လိမ်းလိုက်ရင်း ...

±±±±±±±±±±±±±±±±±±±±±±±±±±±±

စိတ်ရှည်သည်းခံ၊ အက်ပဒိတ်စောင့်ရန်၊ ဖတ်ရန်ဒါဒါများ။

ခေါင်းကိုက်တယ်။ အိပ်ပြီ:33

ဒါဒါအားလုံး ဂုနိုက် (~o~)~zZ

X
X
X

လုကျင်းညန်ရဲ့ မျက်နှာတိမျက်နှာထား နဲ့ ဖျတ်ခနဲကြည့်တာကို မခံရခင်မှာ ချောင်အန်းဟောင် အကြည့်လွှဲလိုက်လေသည်။

သူမရဲ့မျက်တောင်များကို နိမ့်ဆင်းစေခဲ့လျက် အလှပြင်စားပွဲခုံသို့ သွားခဲ့သည်။

ခုံပေါ်မှာ အိပ်ရာနှင့် မျက်နှာချင်းဆိုင်တည်ရှိနေသည့် မှန်တစ်ချပ်ရှိခဲ့၏ ။

သူမ ထိုမှန်ထဲကနေပဲ လုကျင်းညန်ကို ခဏခဏဖျတ်ခနဲ ကြည့်လို့ရခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now