"  ဒါပေမဲ့ ပါပါး သား..."

သားလေးနဖူးကို  နမ်းပြီး နှစ်သိမ့်လိုက်သည်။

"  ပါပါးနားလည်ပါပြီ
ဒါပေမဲ့ ဒီအခန်းထဲမှာ အချိန်ပြည့်နေနေလို့မှ
မဖြစ်တာ "

" ကျွန်တော့်နေနိုင်ပါတယ် ပါပါး!  "

" ဝန်ထမ်းတွေကို ပြောင်းလဲပစ်လိုက်ရမလား အမျိုးသားဝန်ထမ်းတွေ အကုန်အလုပ်ထုတ်ပစ်မယ် အမျိုးသမီးဝန်ထမ်းတွေပဲထားမယ် အမျိုးသမီးတွေက မိခင်စိတ်ရှီလို့ ပါပါးသားလေးကို ဘာမှပြောမှ မဟုတ်ဘူး  "

" ပါပါး!  "

Kirstကျေနပ်သွားပြီးပါပါးကိုဖက်လိုက်သည်။
ဒီလိုအသေးစိတ်ကအစ ဂရုစိုက်ပေးတဲ့ အဖေတစ်ယောက်လို မေတ္တာမျိုးကို ငယ်ငယ်တုန်းက
အရမ်းလိုချင်ခဲ့တာ ဖြစ်သည်  

" အရမ်းချစ်တယ်ပါပါး
ကျွန်တော်ပါပါးကို အရမ်းချစ်တယ်  "

" ပါပါးလည်းသားကို အရမ်းချစ်ပါတယ်..
အခု မနက်စာစားရအောင် ပါပါးခွံကျွေးမယ်  "

ပါပါးကျွန်တော်ကို မနက်စာခွံကျွေးနေသည် ဒီလိုကျတော့လည်း ပါပါးက မိခင်တစ်ယောက်နဲ့တူတယ်

" စားလို့ကောင်းလား သားလေး  "

" အရမ်းအရသာရှီတယ် ပါပါး..စားဖိုမှူးကိုတော့ အလုပ်မထုတ်နဲ့နော် ပါပါး  "

" သားလေး စိတ်တိုင်းကျ ဖြစ်စေရမယ် ဝန်ထမ်းတွေကို သားလေး အနေခက်မှဆိုးလို့ လျှောချလိုက်မယ် ကလေးမွေးပြီးမှ အလုပ်သမားထပ်တိုးမယ်  "

"ဟုတ်ကဲ့ ပါပါး!   "

♥♥♥

Singto

သူဌေးကအမျိုးသားဝန်ထမ်းတွေ အကုန်အလုပ်ထုတ်ခဲ့ပြီး ကားDriver တောင်မထားပဲ သူဌေးကိုယ့်တိုင်ပဲ ကားမောင်းခဲ့သည်  ဝန်ထမ်းတွေလည်း တစ်ဝက်လောက် လျှော့ချလိုက်သည်။

" Baby ဆေးသောက်ရအောင်  "

ညမအိပ်ခင် Babyလေးကို ဆေးတိုက်လိုက်သည်။

" အစ်ကိုအလုပ်ပင်ပန်းလားဟင်
မျက်နှာက မလန်းဘူး  "

ကျွန်တော့် Babyလေးကို ကုတင်ပေါ်မှာ ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးခံပြီး မှီခိုင်ပြီး ခြေဆန့်ထားခိုင်းလိုက်သည် ပြီးတော့ ခြေထောက်ကို နှိပ်ပေးလိုက်သည်။ 

" ကျွန်တော့်မေးတာ ဘာလို့ ပြန်မဖြေတာလဲ ဗိုက်ကြီးကြီးနဲ့ကောင်လေးမို့လို့ ရုပ်ဆိုးလို့ အရေးမလုပ်တာလား  "

" အရာရာထက်မြက်တဲ့ Babyလေးက ကိုယ့်ကိုယ်ကို သိမ့်ငယ်နေတာ ကိုယ်က ဝမ်းသာနေရမှာလား Baby  "

" အိမ်မှာ ဝန်ထမ်းတွေ နည်းသွားလို့
အစ်ကိုတို့ အိမ်အလုပ်တွေပါ လုပ်ရလို့ စိတ်ညစ်နေတာလား  "

" Baby! ကိုယ်တို့အတွက်အလုပ်ပင်ပန်းတယ်ဆိုတာ မရှီပါဘူး Babyလေး စီတ်ပင်ပန်းနေတာကြောင့် ကိုယ်ကမပျော်ရွှင်တာပါ "

"ကျွန်တော့် စိတ်မပင်ပန်းပါဘူး ပျော်ပါတယ်  "

" လူလိမ်လေး မလိမ်ပါနဲ့  ကိုယ်က Babyစိတ်ကို မသိပဲနေမလား ဘယ်လောက်ပဲ ဝန်ထမ်းတွေ လျော့ချထားထား Babyလေးအခန်းထဲက အပြင်မထွက်ဘူး မဟုတ်လား သူဌေးစိတ်ဆင်းရဲမှာဆိုးတာကြောင့် မနက်စာနဲ့ညစာပဲ ထွက်စားတာ ကိုယ်သိပါတယ်  "

ကျွန်တော့် P'Singကိုဖက်လိုက်ပြီး

"ဟုတ်တယ်အစ်ကို ကျွန်တော့်အရမ်းပင်ပန်းတယ်
ဒီပုံစံကြီးက ရုပ်ဆိုးတယ် မဟုတ်လား 
အစ်ကိုရော ကျွန်တော့်ရဲ့ဒီပုံစံကို စိတ်မပျက်ဘူးလား "

ဖတ်ထားရာကနေခွါပြီး Babyလေးနှုတ်ခမ်းကို စုပ်နမ်းလိုက်သည် ပြီးတော့ Babyလေးကို  အိပ်ရာပေါ်လှဲလိုက်ပြီး

" ကိုယ့်က ဒီချစ်စရာလူသားလေးကို စိတ်ပျက်တယ်ဆိုတာ ရှိပါ့မလား မြတ်နိုးလွန်းလို့ ချစ်လို့မဝတဲ့ ဒီBabyလေးကို မျက်နှာတောင် အညှိုးမခံချင်ဘူး  "

" တကယ်လား   "

" တကယ်ပေါ့ မသိလို့ မေးနေတာလား  "

Babyလေးပြုံးသွားသည် ကျွန်တော့် Babyလေးနှုတ်ခမ်းကို  ထပ်နမ်းလိုက်ပြီး မီးပိတ်လိုက်သည်။

Baby BossМесто, где живут истории. Откройте их для себя