အခန်း ၇ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

Start from the beginning
                                    

သူမခေါင်းကို မော့လိုက်ပြီး သူမရဲ့ရှေ့တည့်တည့်မှာ ကော်ဖီခွက်မွှေနေတဲ့ ချောင်အန်းဟောင်ကို မေးလိုက်တော့သည်။

"သူ ဘေကျင်းကို ဘာလို့ပြန်ရောက်နေတာလဲ? ရုပ်ရှင်ရိုက်ဖို့ရှိနေသေးတယ်မဟုတ်လား?"

သူမတို့ရဲ့ လက်ထပ်မှုက လျို့ဝှက်ချက်ဖြစ်ခဲ့ပေမယ့် ရှောင်မန်းဟာ သူမရဲ့မန်နေဂျာ ဖြစ်သလို အချိန်အတော်ကြာရင်းနှီးလာတဲ့ သူငယ်ချင်းလည်းဖြစ်တာကြောင့် ပြောပြထားခဲ့သည်။

ဒါကြောင့်မို့ ချောင်အန်းဟောင်က ရှောင်မန်း လုကျင်းညန်လို့ အထူးတလည်မပြောခဲ့တာတောင်မှ သူမဘယ်သူ့ကိုပြောနေခဲ့သလဲဆိုတာ သဘောပေါက်ခဲ့သည်။

သူမလက်များကို ခဏတစ်ဖြုတ် ရပ်လိုက်၏ ။

သူမသူငယ်ချင်းရဲ့ မျက်လုံးများကို အထက်အောက်စိုက်ကြည့်ရင်း "ငါမသိဘူး" ဟု ရိုးသားစွာပြောရင်း ခေါင်းယမ်းခဲ့သည်။

"နင်တကယ်မသိဘူး?!" ရှောင်မန်းဟာ ယုံရခက်ခက်နှင့်ကြည့်လိုက်၏ ။

"ချောင်အန်းဟောင် နင်သူ့မိန်းမရောဟုတ်သေးရဲ့လား? သူရောမကနေ ပြန်ရောက်တယ်ဆိုတာတောင် နင့်ကို ဖုန်းဆက်အကြောင်းမကြားခဲ့ဘူးလား?"

ချောင်အန်းဟောင်မှာ သူမခေါင်းကို ဆက်ယမ်းလိုက်သည်။

"သူ မဆက်ခဲ့ဘူး။ "

ထို့နောက် သူမသူငယ်ချင်းမှာ လုကျင်းညန်ကို ပက်ပင်းတိုးခဲ့ပေမယ့် သူ သူမကိုတစ်ချက်မှ မကြည့်ခဲ့တာကို သတိရသွား၏ ။

အဲဒီနောက် သူတို့အနေဖြင့် သူတို့လက်ထပ်ထားတာကို လူမသိအောင်ဖုံးဖို့လုပ်ခဲ့ကြတယ်လို့ တွေးခဲ့ပြီး အခု အဲဒါကအရေးကြီးတဲ့ ကိစ္စမဟုတ်မှန်းနားလည်ခဲ့သည်။

"နင်တို့ နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာရော ဒီလိုပဲလား? ဘယ်လိုစကားပြောကြတုန်း?" ဟု မေးပြီး မျက်မှောင်ကြုတ်လိုက်သည်။

ချောင်အန်းဟောင်မှာ စကားမပြောတော့ဘဲ ခေါင်းငုပ်သွားခဲ့၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now