အခန်း၂ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

14.6K 1K 17
                                    

အဲဒီနောက် လုကျင်းညန်မှာ တစ်ခုခုကို မှတ်မိဟန်ရှိခဲ့၏ ။

သူ့မျက်လုံးများမှာ အနည်းငယ် နိမ့်ဆင်းလျက် ။ ထပ်အားစိုက်ရင်း ချောင်အန်းဟောင်ရဲ့ မေးစိအား အပေါ်သို့ဆွဲခဲ့သည်။

သူမမျက်နှာအား အပေါ်သို့ဆွဲတင်လျက် သူမ၏မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်သည်။

ရေခဲလိုအေးစက်သော အသံtoneတစ်ခုနှင့်အတူ တရှဲရှဲမြည်ကာ ...

"ချောင်အန်းဟောင် ငါတကယ်တမ်းမှတ်မိသလောက်...မင်္ဂလာဦးညမှာ မင်းပြောခဲ့တဲ့ပထမဆုံးအကြောင်းက မင်းကိုမထိဖို့ပဲ။

အခုကျတော့ဘာလဲ။ မင်္ဂလာဆောင်တာ နှစ်လပဲရှိသေးတယ် ငါ့အိပ်ရာပေါ်တက်ဖို့မစောင့်နိုင်တော့တာလား? "

လုကျင်းညန်မှာ သူ့ရဲ့စူးစိုက်ကြည့်နေမှုကို လက်နှင့်အုပ်လိုက်ပြီး လျစ်လျူရှုလိုက်၍ ဘာခံစားမှုမှမရှိတော့ပေ။

သူစကားပြောတဲ့အခါ သူမလည်ပင်းပေါ်က သူ့လက်မောင်းကို ဖြေလျော့ခဲ့သည်။

ချောင်အန်းဟောင်၏ အစကစိုးရိမ်နေတဲ့အခြေအနေမှာ သူ့ရဲ့စစ်ဆေးမေးမြန်းမှုအောက်မှာ သူမရဲ့ခြေချောင်းများ တုန်ရီနေသည်အထိ ပို၍ပြင်းပြခဲ့၏။

သူမရဲ့နူတ်ခမ်းအောက်ဘက်ကို အောက်လိုက်ကာ အချိန်ခဏအကြာ ဘာစကားမှပြန်မပြောနိုင်အောင် ကြက်သေသေခဲ့၏ ။

လုကျင်းညန်မှာလည်း စိတ်ရှည်သည့်ဟန်ပန်ဖြင့် စကားပြောခြင်းကိုရပ်ခဲ့သည်။

တစ်ခန်းလုံးတိတ်ဆိတ်သွားခဲ့၏ ။

လုကျင်းညန်တစ်ယောက် ချောင်အန်းဟောင်ရဲ့မျက်နှာလှလှလေးကို မမှိတ်မသုန်ဆက်ကြည့်နေခဲ့သည်။

ချောင်အန်းဟောင်မှာ လုကျင်းညန် သူမစိတ်ထဲ တွေးတောနေသည်များကို ဖတ်နေသည်ဟု ခံစားရလေလေ သူမတွင်အာရုံကြောရူပ်ထွေးမှုများရှိလာလေလေ။

လုကျင်းညန်သူမကိုပေးသောဖိအားများကို မခံစားနိုင်တော့တဲ့အခါ သူမရဲ့နှလုံးခုန်သံများ အလွန်မြန်လာတော့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now