" ကျူလစ်ပန်းက ကြိုက်တဲ့သူရှားတဲ့ Boss  "

" အဲ့ဒါဆို  ချယ်ရီပန်း   "

" Boss ကလည်း ဘာတွေပြောနေတာလဲ
ချယ်ရီပန်းက ဆောင်းတွင်းမှရတာ. "

" အခုဆောင်းတွင်းဝင်တော့မှာလေ
မေးကြည့်ပါ ရှီလားလို့   "

"ဟုတ်ကဲ့  "

Boss ပြောတဲ့ ချယ်ရီပန်းမရှိလို့ ကျူလစ်ပန်းပဲ ထုတ်ပိုးခဲ့လိုက်သည်။  ကုမ္ပဏီရောက်တော့ 

" Boss  ပန်းနဲ့ အရုပ်ကို
ဘယ်ကောင်မလေးဆီ သွားပို့ပေးရမလဲ   "

" ကောင်မလေးဆီ မဟုတ်ပါဘူး ...ပေး
ငါဘာသာ ပေးမယ်  "

Boss ပစ္စည်းတွေ ယူသွားသည်။
Bossလိုသူဌေးမျိုးက ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ကိုများ သဘောကျသွားတာလား
ကံကောင်းတဲ့ စင်တွဲလားမိန်းမပျိုလေးများက
ဘယ်သူပါလိမ့် သိချင်လိုက်တာ

©♥®

Singto ဟိုတယ်က စာရင်းတွေစစ်ပြီး ပြန်လာတော့  Boss၏အခန်းထဲသို့ဝင်လိုက်သည်။

" Boss  ဒီလအတွက် ဟိုတယ်ရဲ့ လချုပ်စာရင်းတွေ စစ်လာခဲ့ပြီ  အရင်လထက်ပိုပြီး
အခြေအနေတိုးတက်ကောင်းမွန်ပါတယ်  "

Boss မျက်လုံးက Laptopကို အကြည့်မပျက်ပဲ ခေါင်းညိတ်ပြသည်။ ကျွန်တော်လည်း နေရာမှာ ပြန်ထိုင်တော့ စားပွဲပေါ်က ပန်းစည်းနဲ့ ခြင်္သေ့ရုပ်ကို
ထူးဆန်းစွာ တွေ့ရသည်။

" ဒါဘာတွေလဲ   "

ကျွန်တော်ဂျိုကာ ဝင်လာကတည်းက ရင်တွေခုန်ပြီး ဂျိုကာကို မကြည့်ပဲ Laptop ကြည့်နေရင်းကနေ ခေါင်းညိတ်ပြလိုက်သည်။ ဂျိုကာနေရာမှာ သွားထိုင်တော့ မျက်စီက စွေစောင်းပြီး မသိမသာ ခိုးကြည့်လိုက်တော့ ဂျိုကာ ကျွန်တော်ပေးတဲ့ ပန်းစည်းက
စာကို ဖတ်ကြည့်နေသည်

ပန်းစည်းမှာ စာပါလို ဖတ်ကြည့်တော့

♥♥♥ P' Singto အတွက်
ချစ်သက်လက်ဆောင်
Baby♥♥♥

" ကလေးဆန်လိုက်တာ ယောက်ကျားလေးကို ပန်းစည်းနဲ့ အရုပ်ပေးရတယ်လို ....Boss ဒါက "

" ကျွန်တော်မသိဘူး ဂျိုကာ 
ကျွန်တော်ရုံးခန်းထဲဝင်ကတည်းက တွေ့တာပဲ  "

ကျွန်တော်ပေးတဲ့လက်ဆောင်ကိုဂျိုကာမကြိုက်လို ဘူးခံပြီး ငြင်းလိုက်မိသည်။

" တော်တော်အတင့်ရဲတာပဲ  "

" ဘယ်သူကိုပြောတာလဲ ဂျိုကာ  "

" Boss အခန်းထဲထိ ပန်းစည်းနဲ့ အရုပ်လာထားတဲ့သူကို ပြောတာလေ Boss အခန်းထဲထိတောင် ဝင်ပြီး လာထားရတယ်လို  Boss အတွက်လဲ မဟုတ်ပဲနဲ့  "

" အပြင်က အတွင်းရေးမှူးက  ဂျိုကာဆီလာတဲ့ ပစ္စည်းကို အပြင်မှာမထားချင်လို ကျွန်တော်အခန်းထဲက  ဂျိုကာ စားပွဲပေါ်ထားပေးတာ ဖြစ်လိမ့်မယ်  "

" အဲ့ဒါဆို  Boss ဆိုလိုတာက ဒီပစ္စည်းက အပြင်ကလူပေးတာပေါ့ ကျွန်တော်ထင်တာက ဝန်ထမ်းတစ်ယောက်က ပေးတယ် မှတ်နေတာ သူကိုယ့်သူ  Baby တဲ့ ဘယ်က ကောင်မလေး လာထားသွားပါလိမ့်   "

ဂျိုကာ ပန်းကို ပန်းအိုး အလွတ်ထဲ ထိုးထည့်လိုက်သည်။ အရုပ်ကို ဘေးမှာထားပြီး သူအလုပ်သူ ဆက်လုပ်နေသည်။  အရူး Ken ငါနဲ့ တွေအုန်းမယ် ပြောတော့ အရုပ်နဲ့ ပန်းစည်းပေးရင် မကြိုက်တဲ့သူ မရှီဘူးဆိုပြီး အခု ဂျိုကာက ကလေးဆန်လို လက်ဆောင်ကို ပစ်ထားတယ် ဟွန်း!

Baby BossWhere stories live. Discover now