Guileful Cirrus Ch-36

Start from the beginning
                                    

အမြန်ယူကြည့်လိုက်မိတဲ့ သတင်းတစ်ပုဒ်ဟာယုံနိုင်စရာတစ်စက်မှမရှိ။

📱 same sex love နဲ့တကယ်ကြုံနေပြီဆိုတာကိုကိုယ်တိုင်သက်သေပြလိုက်တဲ့ ရတနာကုန်သည် ဥက္ကဋ္ဌ BoA ရဲ့မောင် Jeong Jaehyun တို့ရဲ့အမှု!!!📱

သတင်းခေါင်းစဉ်က ကျွန်မမပြောနဲ့။ တောင်ကိုရီးယားနိုင်ငံတစ်ခုလုံးစိတ်ဝင်စားနေတဲ့သတင်းခေါင်းစဉ်သာဖြစ်တယ်။ သတင်းအပြည့်အစုံဖတ်ဖို့ link ထဲကိုဝင်လိုက်တယ်

📱ရတနာကုန်သည်ဥက္ကဋ္ဌ ၊ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်အကြီးဆုံး Jumping Gems ရတနာပိုင်ရှင် BoA ရဲ့မောင်ဖြစ်သူ Jeong Jaehyun ဟာ same sex love တစ်ခုနဲ့ကြုံတွေ့နေရသူဖြစ်ပါတယ် Jaehyun ဟာ မိန်းကလေးပရိသတ်အခိုင်အမာရှိသူဖြစ်ပြီး သူ့ရဲ့ fanclub တွေဟာလည်းအခုမှသတင်းကိုကြားသိရသူတွေဖြစ်လို့ စိတ်မကောင်းဖြစ်နေကြပါတယ်

လွန်ခဲ့တဲ့ ၂ ရက်လောက်က Lee Taeyong လို့အမည်ရတဲ့ကောင်လေးတစ်ယောက်နဲ့ အတူစက်ရုံပျက်ရဲ့ထပ်ခိုးတစ်ခုမှာ Jaehyun ကိုတွေ့ခဲ့တာဖြစ်ပြီး Jaehyun ကတော့အိမ်ကိုဘာမှထိခိုက်မှုမရှိဘဲပြန်ရောက်နိုင်ခဲ့ပါတယ် BoA ကတော့ Lee Taeyong ဆိုတဲ့ကောင်လေးကို ဖြားယောင်းသွေးဆောင်မှုနဲ့အမှုဖွင့်ခဲ့ပြီးထိုကောင်လေးကတော့အခုအချိန်မှာ ဥပဒေနဲ့အညီအရေးယူခံထားရပါတယ်

Jaehyun နဲ့ကျောင်းအတူနေခဲ့ဖူးတဲ့မိန်းကလေးပရိသတ်အချို့ရဲ့ပြောပြချက်အရ Taeyong နဲ့သာ အနေများခဲ့ပြီး ကျောင်းကတည်းက သူတို့၂ယောက်ဟာ ဆက်နွယ်မှုတစ်ခုအနေနဲ့ရှိနေခဲ့ကြတာလို့သိရပါတယ်။ Jaehyun ရဲ့ Same Sex love affair တစ်ခုကြောင့် သူ့ရဲ့မိန်းကလေးပရိသတ်အချို့ကဝေဖန်ကြသလိုအချို့ကတော့ ဘယ်လိုအခြေအနေဖြစ်ဖြစ်အားပေးနေဆဲဖြစ်တယ်လို့သိရပါတယ်📱

"ငါမရှိတဲ့ရက်တွေမှာ ဒါကဘယ်လိုတွေဖြစ်ကုန်ရတာလဲ"

Lami ရဲ့ဖုန်းကိုကျွန်မချလိုက်ပြီး ဒီသတင်းမှန်ရောမှန်ရဲ့လားလို့တောင်ပြန်တွေးမိတယ်

ဒါသတင်းအမှားကြီးပါလို့အတင်းတွေးလိုက်တိုင်း ကျောင်းတုန်းကကျွန်မနားကို Taeyong ကပ်ရင်ဆတ်ဆတ်ခါနေတတ်တဲ့ Jaehyun ရဲ့အမူအရာတွေကိုပြန်မြင်ယောင်မိတယ်။

Guileful Cirrus Where stories live. Discover now