25.9K 1.6K 22
                                    

Zawgyi Ver

၁။ ကျေးဇူးပြုပြီးမမေးကြပါနဲ့!

သခင်မကြီးစု ထွက်သွားတာနဲ့ သူ့ဗိုက်က အဆင်မပြေတဲ့မသက်မသာခံစားချက်ကို နဉ်ရှုကြံ့ကြံ့ခံနေရတယ်။ သူသွေးတွေဆင်းနေတာက ဆည်ပြိုနေသလိုပဲ။

နဉ်ရှုဒီလောကကြီးက မုန်းဖို့ကောင်းတယ်လို့ ခံစားရတယ်။ ဘာလို့သူဝင်လာတဲ့အချိန်တိုင်းက အရမ်းတိုက်ဆိုင်နေရတာလဲ? သူသေခြင်းတရားနဲ့မရင်ဆိုင်ရရင် သေခြင်းတရားကိုအံ့တုနေရတာပဲ။ အခုလည်း ကိုယ်ဝန်ပျက်ကျပြီးတဲ့အချိန်ကိုရောက်နေပြန်ပြီ။

အခုကစပြီးတော့ ရမှတ်တွေကို ကံကောင်းဖို့ပဲထည့်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကိုယ်ကျင့်တရားအရည်အသွေးက အဲ့ဒီလောက်ဆိုးဝါးနေလို့လား? ဒါတော်တော်ကြောင်တာပဲ။

နဉ်ရှုက မျက်လုံးမှိတ်ပြီးတော့ ဝတ္တုဇာတ်ကြောင်းကို လက်ခံလိုက်တယ်။ ဝတ္တုဇာတ်ကြောင်းကို နာကျင်စွာထည့်ခံလိုက်ရတယ်။

ဝတ္တုဇာတ်ကြောင်းက အရမ်းရိုးရှင်းပါတယ်။ ဒါက အိပ်ရာမှားတက်မိပြီး ကလေးရသွားကာ အဆုံးမှာပျော်ရွှင်စရာမိသားစုလေး ဖြစ်သွားတဲ့ဝတ္တုပဲ။ နဉ်ရှုကိုယ်နာမည်က စုရန်တဲ့။ သူကဇာတ်လိုက်မင်းသမီး စုမန်ရဲ့ ဝမ်းကွဲညီအမဖြစ်ပြီးတော့ လင်လုဖက်လည်း ဖြစ်တယ်။

ဒီဇာတ်လမ်းက စုမန့်မိဘတွေ ကားမှောက်ရာကစတယ်။ ပြီးတော့ ဒီကားမှောက်တာက ဒီကိုယ်ရဲ့မိဘတွေ အကြံအစည်ကြောင့်လို့ ထင်ရတာပဲ။ ချမ်းသာတဲ့မိသားစုတွေကြားက အာဏာနဲ့လွှမ်းမိုးမှုတွေပြိုင်ကြတာက ဒီလိုပဲအမြဲကြမ်းတမ်းကြတယ်လေ။

နာရေးမှာတုန်းက စုမန်က သူ့ဦးလေးကို သူ့မိဘတွေဆုံးသွားစေတဲ့သူလို့ စွပ်စွဲခဲ့ပင်မယ့် သက်သေပြစရာတော့မရှိဘူး။ ဝမ်းနည်းနာကျင်စွာနဲ့ သူဘားသွားပြီး သောက်တယ်။ သူ့ကိုအရမ်းချစ်တဲ့သူ့မိဘတွေက သူ့ကိုဒီလိုပဲအလိုလိုက်လွှတ်ထားခဲ့တာလေ။ သူအခုမိဘမဲ့ဖြစ်တော့မှာဆိုတော့ သူ့မှာလက်စားချေစရာလမ်းမရှိတော့ဘူး။

[Note ; အတိအကျပြောရမယ်ဆိုရင် ဦးလေးဆိုတာ သူ့အဖေရဲ့အကိုပါ]

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now