ep 47 ( Final )

58.2K 3.1K 451
                                    

'' ကျွန်တော့်ကို ခင်ဗျားရဲ့အဖိုးလို့ပဲ သဘောထားလိုက်ပေါ့ ။ ကူညီပါဗျာ .... ကျွန်တော်ဒီနေ့ စစ်နေခကို လက်ထပ်ရဖို့က သေရေးရှင်ရေး ဖြစ်နေတာပါ "

ရှင်းက တကယ့်ကို သေရေးရှင်ရေးဖြစ်နေသောမျက်နှာဖြင့် ရှိန်းတေဇကို အကူညီတောင်းလိုက်တော့ ရှိန်းတေဇက သောက်ထားသော အရက်များပင် ဘယ်ရောက်သွားမှန်းမသိဘဲ အမူးပြေသွားသည် ။

စစ်နေခ ဘာစကားမှ မပြောနိုင်ခင် ရှိန်းတေဇက စစ်နေခ၏မျက်နှာကို လှမ်းကြည့်လိုက်ပြီး အားရပါးရရယ်လေတော့သည် ။ စစ်နေခ၏ယခုပုံစံကို မြင်ရတာ သူ့ကိုငွေသန်းချီ ရှူံးအောင် လုပ်လိုက်တာထက်တောင် ပိုကြည့်ကောင်းနေသေးတယ် ။ ရှင်းကထူးထူးဆန်းဆန်းတွေ လုပ်နေတယ်ဆိုရင်တောင် စစ်နေခရဲ့ဒီလိုပုံစံကို မြင်ရဖို့ သူကဘာကြောင့် မကူညီဘဲ နေပေးရမလဲ ၊ သေချာပေါက် ကူညီပေးရမှာပေါ့ ။

"Woo! bravo ငါ့သူငယ်ချင်းကြီး ... နောက်ဆုံးတော့ မင်း ယောကျာ်းတစ်ယောက်ဆီက လက်ထပ်ခွင့်တောင်းခံလိုက်ရပြီပဲ ''

သူ့ကို ပြောင်ချော်ချော်နဲ့ လှောင်ပြောင်သလို ပြောနေတဲ့ ရှိန်းတေဇကို စစ်နေခသည် အေးစက်သောအကြည့်များဖြင့် သတိပေးကာလှမ်းကြည့်ရင်း သူ့ချစ်သူဆီသို့ ပြန်လှည့်ကာ အနူးညံ့ဆုံးဖြစ်အောင် ပြုပြင်လိုက်သည် ။

စစ်နေခ၏မျက်နှာလေးသည် အတော်လေးကို အိုနေပါသော်လည်း သူသည်အတတ်နိုင်ဆုံး ပြုံးနေခဲ့သည် ။ ဒီနေ့မှာ ဘာကိစ္စပဲဖြစ်ဖြစ် သူ့ချစ်သူကိုပျော်ရွှင်စေရဖို့သာ ဆန္ဒရှိတော့သည် ။

" နေရာက အရေးမကြီးပါဘူး ၊ အချိန်ကလည်း အရေးမကြီးပါဘူး ။ ဘေဘီတကယ်ပဲ ဆန္ဒရှိတယ်ဆိုရင် ကိုယ်လက်ခံပေးပါ့မယ် ။ ဒါပေမယ့် လက်ထပ်လက်စွပ်မရှိသေးဘူးလေ ။ ဒါက လက်ထပ်ပွဲတစ်ခုမှာ အဓိကအရေးကြီးတဲ့အရာ မဟုတ်လား "

သူ့အမေးကို ရှင်းက စိုးရိမ်စိတ်မရှိဟန်နဲ့ လက်ညိုးလေးကို ယမ်းပြပြီး ပြုံးစစနှင့်ပြောလာသည်။

"မပူနဲ့ ကျွန်တော်ပြင်ဆင်ထားပြီးသား လက်ထပ်လက်စွပ်ရှိတယ် ၊ အခု ကျွန်တော်နဲ့အတူပါလာတယ် ။ ဒီလက်စွပ်ကို ခင်ဗျားပျောက်ဆုံးသွားတဲ့တစ်လလောက်ကတည်းက ပြင်ဆင်ခဲ့တာ ။ ခင်ဗျားကို ပြန်ရှာတွေ့ရင် အဲ့ဒီလက်စွပ်ကို ဝတ်ပေးပြီး ဘယ်တော့မှ ထွက်မသွားခိုင်းတော့ဘူးဆိုတဲ့ ဆန္ဒလေးရှိခဲ့လို့ "

🎉 You've finished reading ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများ 🎉
ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now