ep 12

37.7K 3.3K 24
                                    

ရက်သတ္တပတ်အကြာတွင် နိုင်ငံခြားဘဏ်မှာရှိသော ငွေတွေကို လွဲပြောင်းပြီးနောက် ရှင်းညီ ပထမဦးဆုံး ရှိန်းတေဇကို သွားရောက်တွေ့ဆုံခဲ့သည်။ သူ့ကိုမြင်တော့ ရှိန်းတေဇတစ်ယောက် ပြေးဖက်လုမတတ်ကြိုဆိုလေတော့သည်။ ရှိန်းတေဇ၏ အကျင့်စရိုက်ကို နားလည်ပြီးသားဖြစ်တာကြောင့် စိတ်ထဲမတွေးဘဲ သူခေါ်ဆောင်ရာနောက်သို့ အသာတကြည် လိုက်သွားလေသည်။

"ကလေးကိုမျှော်နေတာကြာပြီ ၊ အခုတလောမအားတာနဲ့ သေချာလာမတွေ့ဖြစ်ဘူး ၊၊ ကလေးကော စစ်နေခအိမ်မှာ အဆင်ပြေရဲ့လား ၊၊ မပြေရင်ကိုယ့်အိမ်ပြောင်းလာပါလား ၊၊ ဒါမှမဟုတ် ကိုယ်ပိုင်တဲ့ ကွန်ဒိုတွေအများကြီးရှိတယ် ၊ စိတ်ကြိုက်ရွေးလို့ရတယ် ၊၊ ကလေးလည်း သူများအိမ်မှာအနေရကျပ်မှာပေါ့ ''

သူ့ကိုတောင် ဘာမှမမေးဘဲ ပြောချင်ရာကို တရစပ်ပြောနေတဲ့ ရှိန်းတေဇကိုကြည့်ပြီး ပြန်လှည့်ရင်ကောင်းမလားလို့တောင် တွေးမိသွားသည်။ အခုချိန် သူ့ဘာသူ အိမ်ဝယ်နိုင်ပေမယ့် စစ်နေခအိမ်မှာကပ်နေတာက သူ့မှာလုပ်ဆောင်စရာ တစ်ချို့ရှိသေးတာကြောင့် တမင်မပြောင်းရွေ့သေးခြင်းဖြစ်သည်။

"ရတယ် သူ့ဆီနေတာကျွန်တော့်အတွက် အတော်လေးအဆင်ပြေတယ် ။ ပြီးတော့ သူ့ဆီကနေလည်း ရစရာတစ်ချို့ရှိနေသေးလို့ "

"ကောင်းပြီလေ ကလေးသဘောပါ ၊ ဒါနဲ့ ဒီနေ့လာတာ Stevia plants ကိစ္စလား ''

"ဟုတ်တယ် ၊ ဒီနေ့ ဒါကိုအဓိက ဆွေးနွေးချင်လို့''

ရုံးခန်းထဲမှာပဲ အေးအေးလူလူစကားပြောရန် ဆုံးဖြတ်လိုက်သည် ။ ရှင်းက သူ့လက်ထဲပါလာတဲ့ USBကို ထုတ်ပေးပြီး စကားစလိုက်သည်။

"ကျွန်တော်တို့ဘက်က ကျွမ်းကျင်ပညာရှင် တစ်ချို့ကို ငှါးရမ်းရမယ် ၊၊ ပြီးတော့ အရေးကြီးဆုံးတစ်ချက်က လုပ်သားအများစုကို Shin Group က လူတွေကိုပဲ သုံးမယ် ၊။ သူတို့မှာစိတ်ချရလောက်တဲ့ ပညာရှင်တွေ ရှိပြီးသားပါ ''

ရှိန်းတေဇ အနည်းငယ်အံသြသွားသည် ၊၊ Shin Group ဆိုတာ သိပ်မကြာခင် ဒေါဝါလီခံရကိန်းရှိသည့် လုပ်ငန်းစုတစ်ခုမှန်းသူသိတာကြောင့်ဖြစ်သည် ။ ရှင်းက ဘာလ်ု့ိ သူတို့ကိုရွေးချယ်တာလဲ ၊ ရှင်းအနေနဲ့ ဒီထက်ပိုအခြေခိုင်တဲ့ တစ်ခြားလုပ်ငန်းကိုရွေးချယ်ရင်တောင် သူလုပ်ပေးနိူင်စွမ်းရှိသည်။ ဒါကြောင့် နားမလည်စွာနဲ့ မေးခွန်းထုတ်လိုက်သည်။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများNơi câu chuyện tồn tại. Hãy khám phá bây giờ