ep 15

36.1K 3.1K 47
                                    

ရက်သတ္တပတ်အတော်ကြာတော့ စစ်နေခကရှင်းကို Marketing Director နေရာအတွက် မိတ်ဆက်ပေးခဲ့သည်။ သူတို့မျှော်လင့်ထားတာထက်ပို ရှင်းကိုသဘောကျနှစ်ခြိုက်ကြတာကြောင့် စိတ်နေခ၏စိုးရိမ်ပူပန်မှုတို့ပင် လျော့သွားလေ၏။

Shin Group နှင့်ပူးပေါင်းထားသော project ကိုလည်းအလျင်အမြန်ပင် အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် Shin Group သည်အကျပ်အတည်းထဲမှတဖြည်းဖြည်း ရုန်းထွက်လာနိုင်ခဲ့သည် ။

အလုပ်နှင့်ပတ်သက်လျင် တိကျပြီးရက်စက်လွန်းသော ရှင်း၏နည်းလမ်းများကြောင့် စစ်နေခပင်မယုံကြည်နိုင် ဖြစ်ခဲ့ရလေ၏ ။ ရှင်းအသုံးပြုနေသောနည်းလမ်းအများစုသည် ယခုမှစီးပွားရေးလောကကိုရောက်လာသော လူတစ်ဦး၏နည်းလမ်းများနှင့်မတူဘဲ ဤနယ်ပတ်တွင် အကြာကြီးကျင်လည်ကျက်စားခဲ့သော လူတစ်ဦးနှင့်သာတူတော့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအချက်များကြောင့် ရှင်းအပေါ်ထားသော သူ၏စိတ်သဘောထားများသည် လုံးလုံးလျားလျားကိုနူးညံ့ပျော့ပြောင်းလာလေ၏ ။

**********

ရုံးခန်းတံခါး ဖွင့်လိုက်တာနဲ့ အလုပ်စားပွဲခုံပေါ်မှာ သည်းကြီးမဲကြီး အလုပ်လုပ်နေသော စစ်နေခကို အခန့်သားကြီးတွေ့လိုက်ရ၏။ သူဝင်လာတာကိုမြင်တော့ စစ်နေခက တစ်ချက်လှမ်းကြည့်ပြီးနောက် ဂရုမစိုက်ချင်ယောင်ဆောင်ကာ အလုပ်ပေါ်ပြန်အာရုံစိုက်နေလိုက်သည်။

ရှင်း ဒီနေ့ အရမ်းပျော်လာတာမို့ စစ်နေခဆီတန်းသွားပြီး သူအလုပ်လုပ်နေတဲ့စားပွဲပေါ် တင်ပါးလွဲထိုင်လိုက်သည်။ စစ်နေခဆိုသည့်သူမှာ တော်ရုံဆို သူ့စားပွဲပေါ် တခြားသူတစ်ဦးက ယခုလို ဂရုမစိုက်တဲ့အချိုးဖြင့်လာထိုင်ပါက ချက်ချင်းရုံးခန်းအပြင်ဘက်သို့ ကန်ထုတ်လိုက်မည် ဖြစ်သော်လည်း ရှင်းအပေါ်တော့ ဒီလိုအတွေးမျိုးမတွေးမိခဲ့ ။

ရှင်းက သူ့ကိုတစ်ချက်မကြည့်ဘဲ အလုပ်လုပ်နေသည့် စစ်နေခကို အာရုံပျက်အောင် လုပ်ဖို့ကြံရွယ်လိုက်သည် ။ စစ်နေခ၏ laptop ကို ဆွဲယူပြီး ပိတ်လိုက်ကာ ထိူသူရဲ့ မျက်နှာရှေ့ထိ ရောက်သွားအောင် သူ့ကိုယ်သူရွေ့လိုက်ပြီး မျက်နှာချင်းဆိုင်စေလိုက်သည် ။ စစ်နေခကလည်း ဒါဘာလုပ်တာလဲဆိုတဲ့အကြည့်နဲ့ မှင်သေသေမျက်နှာပေးနှင့် ပြန်ကြည့်နေလိုက်သည်။ အချိန်တိုင်းသူ့ကို ဂရုမစိုက်တတ်သောကောင်လေးကို ယခုလိုလက်စားပြန်ချေရတာ နည်းနည်းတော့ပျော်စရာကောင်းသလိုပင် ။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများحيث تعيش القصص. اكتشف الآن