ep 32

33.1K 2.7K 95
                                    

ရုံးခန်းတံခါးကို ဆောင့်ပိတ်လိုက်ပြီး သူလက်ထဲမှာ ဒရွတ်တိုက်ပါလာတဲ့ ချစ်သူလေးကို နံရံမှာကပ်ထားလိုက်ကာ မတွေ့ရတာ အနှစ်တစ်ထောင်ကြာသွားတဲ့ ပုံစံမျိုးနဲ့ အငမ်းမရ ကြည့်လိုက်သည် ။ စစ်နေခသည် အရမ်းစိတ်လူပ်ရှားလွန်းလို့ ဘယ်ကစပြောရမှန်းမသိ ၊ အရင်စဖက်ရမှာလား မပြောမဆို နမ်းလိုက်ရမှာလား ဒါမှမဟုတ် အခုမှပြန်လာလို့ ဆူလိုက်ရမှာလား သူချက်ချင်း မဆုံးဖြတ်နိုင်ဖြစ်သွားသည် ။

သူ့ကို ပြန်မော့ကြည့်နေတဲ့ ရှင်းရဲ့မျက်ဝန်းတစ်စုံဟာ ခါတိုင်းထက် ပိုတောက်ပနေပြီး ထူးထူးခြားခြားကို ဆွဲဆောင်မှုရှိနေတသည် ။ သူ့လက်နဲ့ ရှင်းရဲ့မေးဖျားကိုပင့်ယူပြီး စိတ်လှုပ်ရှားလွန်းနေတဲ့လေသံနဲ့ စပြောသည်။

" မင်းပြန်လာဖို့ သတိရသေးတယ်ပေါ့ ။ မင်းကိုငါဘယ်လောက်ထိတောင် စောင့်နေခဲ့ရလဲ ၊ မင်းကြောင့် ငါဘယ်လောက်ထိ .."

သူ့စကားမဆုံးမီ သူ့ရဲ့နူတ်ခမ်းပါးဆီ ရှင်းကဖွဖွလေးဖိနမ်းလိုက်သည် ။ သူ့တကိုယ်လုံး လျှပ်စီးလျှပ်သလို တုန်ခါသွားပြီး ဘာဆက်လုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်း ရပ်နေလိုက်သည် ။ ရှင်းက နမ်းနေရာမှခွာပြီး စစ်နေခရဲ့နူတ်ခမ်းဖျားကို သူ့လက်လေးနဲ့ တို့ထိလိုက်လာသည် ။

" စကားများလိုက်တာ ၊ ခင်ဗျားဟာလေ တခါတလေအကျိုးမရှိတာတွေ သိပ်လုပ်တာပဲ "

ရယ်သဲ့သဲ့နဲ့ သူ့အားဆူလာသည့်ရှင်းကို အားမရစွာနဲ့ တကိုယ်လုံးကို သိမ်းကျူံးဖက်ရင်း ရှင်းနူတ်ခမ်းတွေကို ပြန်သိမ်းပိုက်လိုက်သည် ။

" မင်းရဲ့စကားတွေအတွက် နောင်တမရဖို့ မျှော်လင့်ပါတယ် "

ဒီနေ့တစ်နေ့လုံးဆိုရင်တောင် သူတို့ဟာအလွမ်းသယ်လို့ ပြီးနိုင်မှာမဟုတ် ။ စစ်နေခသည် ရှင်းကို သူ့နူတ်ခမ်းဝထက်ရောက်လာသည့် ပျားရည်အိုင်လို အငမ်းမရစုပ်ယူနမ်းရှိုက်လေတော့သည် ။ ရှင်းသည်အသက်ရှူဖို့ပင် မနည်းကြိုးစားခဲ့ရ၏ ။ မိနစ်အနည်းငယ်ကြာမှ နမ်းနေရာကရပ်ပြီး ရှင်းရဲ့လည်တိုင်ထက် မျက်နှာအပ်ကာ ရှင်း၏ခန္ဓာကိုယ်လေးကို ပိုမိုတင်းကျပ်နေအောင် ဖက်ထားလိုက်သည်။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now