ep 16

34.8K 3.4K 66
                                    

ထိုနေ့ည အရမ်းအရသာရှိသော အမဲစတိတ်ကို ရှင်းကိုယ်တိုင်ပြင်ဆင်ပေးခဲ့၏ ။ ရှင်းဟာထိုကဲ့သို့ အစားသောက်ကိုကောင်းမွန်စွာ ချက်ပြုတ်တတ်မှန်းမသိခဲ့သောစစ်နေခသည် အနည်းငယ်အံ့သြမိခဲ့တာအမှန်ပင် ။ ရှင်းကိုယ်တိုင်သူ့အတွက် ဝိုင်အရက်ငှဲ့ထည့်ပေးပြီးနောက် ဂရုတစိုက်ဟန်ပြခဲ့လေ၏ ။ စစ်နေခသည် အသားကို အနည်းငယ်ပိုင်းဖြတ်ပြီးနောက် ရှင်းကိုစူးစမ်းချင်စိတ်ဖြင့် မေးခွန်းထုတ်လိုက်လေသည် ။

"မင်း ဘယ်တုန်းက ချက်ပြုတ်တာ ဝါသနာပါသွားတာလဲ "

ရှင်းက အပျော်တွေဖုံးနေတာကြောင့် စစ်နေခ၏မေးခွန်းကိုသာမာန်ကာလျှံ သဘောထားပြီး ဖြေလိုက်သည်။

"အမေရိကမှာကျောင်းတက်တုန်းက အပြင်စာတွေစားရတာ ငြီးငွေ့လာလို့ ကိုယ့်ဘာကို ချက်စားဖြစ်တာပါ ၊ ချက်ပြုတ်တာလောက်လေးက ကျွန်တော့်အတွက် မခက်ခဲပါဘူး ''

စစ်နေခက မျက်မှောင်ကြုတ်ပြီး ရှင်းမျက်နှာကို သေချာကြည့်လာသည်။

"မင်း အမေရိကမှာနေဖူးမှန်း ကိုယ်ဘယ်တုန်းကမှ မသိခဲ့ဖူးဘူး ၊ ပြီးတော့မင်းက ဒီနိုင်ငံမှာပဲ ကျောင်းပြီးခဲ့တာမဟုတ်လား "

ရှင်းတစ်ယောက် စားနေရင် ပြန်အန်ထွက်မတတ်ဖြစ်သွားလေ၏ ။ သူသတိလက်လွတ်ဖြစ်သွားမိပြီး လက်ရှိအခြေအနေကို မေ့လျော့သွားခဲ့သည် ။ သူဘာကြောင့်ဒီလောက်ထိ သတိမဲ့ရတာပါလိမ့် ။ မတတ်နိုင် ညာလက်စနဲ့အဆုံးထိဆက်ပြီး လိမ်ညာရတော့ပေမည်။

"Omm ... အရင်က ခဏလေး သွားဖူးတယ်၊ ဘယ်သူမှမသိလိုက်ဘူး လပိုင်းလောက်ပဲကြာတာ ဟိုမှာ ကျောင်းတက်နေတုန်း ကျွန်တော်ဆေးစွဲမလိုဖြစ်တော့ ကျွန်တော့်မိဘတွေက အမြန်ပြန်ခေါ်လိုက်တာ ၊ ဒီကိစ္စက အရမ်းရှက်ဖို့ကောင်းတယ်လေ ၊ မိသားစုဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ ဖုံးထားတာ ၊ အဲ့ဒါကြောင့် ဘယ်သူမှမသိလိုက်ဘူး ။ ဒါကြောင့် ခင်ဗျားလည်း ဒီကိစ္စကို ခင်ဗျားစိတ်ထဲပဲထားဖို့ မျှော်လင့်ပါတယ် ''

ရှင်းပြောတာက ယုတ္တိမရှိရင်တောင် စစ်နေခအနေနဲ့ စောဒကမတက်နိုင်ဘူး ။ သူတွေဝေနေတုန်းရှိသေးတယ် ရှင်းက ဝိုင်ခွက်ယူပြီး cheer လုပ်တော့ ထွေထွေထူးထူး ဆက်မတွေးတော့ဘဲ ပြုံးရယ်နေတဲ့ ရှင်းအပေါ်ကိုသာ အာရုံပြန်ထားလိုက်သည်။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now