ep 33

31.4K 2.6K 88
                                    

အရာအာလုံးက ပုံမှန်အခြေအနေ ပြန်ရောက်လာတော့ စစ်နေခတစ်ယောက်တည်း ထိန်းချုပ်ရင်တောင် လုံလောက်သွားပြီ ။ ရှင်းကတော့ လောဘတကြီး အလုပ်မလုပ်တော့ ။ တစ်ချို့နေ့တွေဆို အိမ်မှာ သက်တောင့်သက်သာ နားနေလေ့ရှိသည် ။ သူသည်တခါသေဆုံးသွားခဲ့ပြီးနောက် တဖန်ထပ်ပြီး သေဆုံးမလိုဖြစ်ခဲ့တာကြောင့် အသက်ရှင်သန်နေချိန် အလုပ်က နံပါတ်တစ်မထားသင့်တော့ကြောင်း သဘောပေါက်သွားလေသည် ။ သူသည်ငွေကို အလုံအလောက်ရှာခဲ့ပြီးပြီ ၊ ယခုတော့ သူ့ရဲ့ပျော်ရွှင်မှုအတွက် ငွေကိုသုံးစွဲရတော့ပေမည် ။

"ဘေဘီ အခုတလော အရမ်းအကျင့်ပျက်နေပါလား ၊ အလုပ်ကို အချိန်မှန်လည်း မလာဘူး ''

ရှင်းတစ်ယောက် ထူးထူးခြားခြားပင် အရောင်တောက်သောဘောင်းဘီတစ်ထည်ကိုဝတ်ကာ ရေကူးကန်ဘေးတွင် နေပူဆာလှုံနေတာကိုမြင်တော့ စစ်နေခက သူ့နံဘေးဝင်လာကာထိုင်ပြီး ပြောလာသည်။ ရှင်းကသူ့ရဲ့နေကာမျက်မှန်ကိုခေါင်းပေါ် မတင်လိုက်ကာ စစ်နေခအားပြုံးပြလိုက်သည်။

"သေရင် ကိုယ့်နောက်ပါမှာမှမဟုတ်တာ ၊ ဘယ်လောက် ကုန်းရုန်းရှာရှာ နောက်ဆုံးထားခဲ့ရမှာ။ ပြီးတော့ ခင်ဗျားရှိနေပြီပဲ ၊ ခင်ဗျားက ကျွန်တော့်ရဲ့ဘဏ်တိုက်ကြီး ဖြစ်ပေးမှာမဟုတ်လား "

" ဘာလို့ လွယ်လွယ်နဲ့သေရင်ဆိုတဲ့ စကားကိုပြောရတာလဲ ။ အဲ့ဒီစကားကလွဲလို့ ဘယ်လိုစကားလုံးပဲဖြစ်ဖြစ် ကိုယ်မင်းကို ခွင့်ပြုပါတယ် ။ ပြီးတော့ အလုပ်လုပ်ဖို့ ကိုယ်မင်းကို ဖိအာမပေးပါဘူး ။ မင်းပျော်တယ်ဆိုရင် အရာအားလုံးကို ကိုယ်ခွင့်ပြုပေးမယ် "

ပြောပြောဆိုဆို စစ်နေခက ရှင်းရဲ့ပါးနှစ်ဖက်ကို ဖျစ်ညစ်လိုက်တော့ ရှင်းက စစ်နေခရဲ့လက်ကို ကုန်းကိုက်လိုက်သည် ။

"ကျွန်တော့်ကို မဖျက်စီးနဲ့ ၊ အခုတောင် အပျင်းကြီးနေတာကို "

" မင်းက ခွေးပေါက်လေးလို ကိုယ့်ရင်ခွင်ထဲ ငြိမ်ငြိမ်လေးနေမယ်ဆိုရင် ကိုယ်ကပိုတောင်ကြိုက်သေးတယ် "

စစ်နေသည် ရှင်းကိုက်လိုက်လို့ကျန်ခဲ့တဲ့သွားရာတွေကို သဘောကျစွာကြည့်ရင်း ပြောလိုက်တော့ ရှင်းကခေါင်းကိုသာခါယမ်းလိုက်သည် ။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now