ep 25

34K 2.8K 69
                                    

ဒီနေ့ဆိုရင် ရည်းစားစာပေးရမှာ ခုနှစ်ရက်နေ့ မြောက်နေ့ ၊ စစ်နေခ တစ်ညလုံးအိပ်မပျော်ခဲ့ ။ ဒီနေ့အတွက်ရည်းစားစာက လုံးဝကိုအရေးကြီးတယ်မဟုတ်လား ။ ယောကျာ်းကြီးတစ်ယောက်ဖြစ်ပြီး ကလေးတစ်ယောက်လို တစ်ညလုံးအိပ်ယာထဲ လူးလိမ့်ရင်း မနက်ဝေလီဝေလင်းအချိန်ရောက်မှ ရှင်းရှိရာ အခန်းဆီသို့ ပြေးလာခဲ့သည် ။

ရှင်းက အခုနောက်ပိုင်း တံခါးပိတ်အိပ်တဲ့ အကျင့်မရှိတော့ဘူး ။ သူပိတ်ထားလည်း စစ်နေခဆီမှာ သော့အပိုတစ်ချောင်းရှိနေတာကိုး ။ စစ်နေခ အခန်းတံခါးဖွင့်လိုက်တော့ ညအိပ်မီးဖွင့်ပြီးအိပ်နေတဲ့ သူ့ရဲ့အချစ်ဆုံးကြီးကို ပုဇွန်ထုပ်လို ကွေးပြီးအိပ်နေတာတွေ့လိုက်တယ် ။ သူ လိုက်ကာတစ်ခြမ်းဆွဲဖွင့်လိုက်ရင်း ရှင်းရဲ့ ကုတင်ဘေးမှာ တင်ပါးလွဲထိုင်လိုက်သည် ။ အရမ်းစောသေးပေမယ့် အလင်းရောင်အနည်းငယ် စူးရှလာသောကြောင့် စစ်နေခ မနိုးရသေးခင် ရှင်းမျက်လုံးပွင့်လာသည် ။ သူ့ချစ်သူက တော်တော်အိပ်ရေးဆတ်တာပဲ ။

"အစောကြီး ဘာလာလုပ်တာလဲ ''

မျက်လုံးကို အဆုံးထိမဖွင့်ဘဲ နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ရှင်းက စစ်နေခကို ရန်စွာသည်။ စစ်နေခက အိပ်ယာထဲအပျင်းကြီးနေတဲ့ သူ့ချစ်သူရဲ့ဆံပင်တွေကိုဖွလိုက်ရင်း နဖူးပြင်ကိုတစ်ချက် ငုံ့နမ်းလိုက်သည် ။

"ဘေဘီ ... အိပ်ယာအရင်ထ ကိုယ်တို့ သွားစရာနေရာရှိတယ် ''

"ဒီအချိန်ကြီး ဘယ်သွားမလို့လဲ ၊ ခင်ဗျားစတန့်မထွင်ရင်ကောင်းမယ် ကျွန်တော်အေးဆေးအိပ်ချင်တယ် ''

"ခဏပဲ နှစ်နာရီလောက်ဆိုရပြီ ၊ ပြီးရင်ပြန်လာအိပ်လို့ရတယ် ''

"ဒါဆို အိပ်ပြီးမှသွားမယ်''

ဒီလောက်ပြောရဆိုရခက်တဲ့ချစ်သူကို ဒီထက်ပိုစိတ်မရှည်ချင်တော့တဲ့စစ်နေခက ပုဇွန်ထုပ်လိုကွေးပြီးအိပ်နေတဲ့ သူ့ချစ်သူခန္ဓာကိုယ်ကို ဆွေ့ခနဲကောက်ပွေ့ပြီး ရေချိုးခန်းထဲသယ်သွားကာ ဘေစင်နားချထားလိုက်သည် ။

"မျက်နှာအရင်သစ်မယ်နော် ဘေဘီ ၊ မျက်လုံးမှိတ်ထား ကိုယ်သစ်ပေးမယ် ''

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now