ep 13

35.3K 3.2K 59
                                    

ရှင်း၏နူတ်ဖျားက ထွက်ကျလာတဲ့စကားဟာ စစ်နေခကို တဒင်္ဂလေး အံသြသင့်သွားစေခဲ့ပေမယ့် ဘေးမှာရှိတဲ့ အရက်ပုလင်းရယ် တော်တော်လေးမူးနေပုံရတဲ့ ရှင်းကိုကြည့်ပြီး ကံကောင်းထောက်မစွာနဲ့ သံသယအတွေးတွေ မဝင်စေခဲ့ဘဲ အဲ့ဒီအစား ရှင်းအရမ်းမူးနေပါလားဆိုပြီး နူးညံ့စွာကြည့်ပြီး သူ၏ဘေးသို့ ဝင်ထိုင်လိုက်လေသည်။

" အင်း ... မင်းက ငါသိထားတာနဲ့ တော်တော်လေးတော့ ကွဲပြားပါတယ် "

ရှင်းက အသံထွက်ကာ တစ်ချက်ရယ်ပြီးနောက် စားပွဲပေါ်က အရက်ခွက်ကို ကောက်ယူလိုက်သည် ။ သို့သော်သူ့ဘေးကလူသည် လျင်မြန်စွာပင် သူ့လက်ထဲက ခွက်ကိုကြားဖြတ်လုယူသွားလေသည် ။

" မင်း အတော်လေးမူးနေပြီ ၊ ဆက်ပြီးမသောက်သင့်တော့ဘူး "

" ကျွန်တော်က မူးနေပေမယ့် အသိစိတ်မပျောက်ပါဘူး ။ အခုတောင်ခင်ဗျားနဲ့ စကားပြောနေမှန်းသိလို့ သတိထားပြီးနေနေရတယ် "

" ကိုယ့်ရှေ့မှာ ဟန်ဆောင်စရာမလိုပါဘူး ၊ မင်းရဲ့ပုံစံအတိုင်း နေလို့ရပါတယ် "

စစ်နေခသည် ရှင်းထံမှကြားဖြတ်လုယူထားသော အရက်ခွက်ကို မော့သောက်လိုက်ပြီးနောက် ရှင်းနည်းတူ ပြင်ပဆီသို့ခပ်တွေတွေ ငေးကြည့်လိုက်လေသည် ။

" မင်း ဒီနေ့သူနဲ့သွားတွေ့ခဲ့တာလား "

" သူဆိုတာ ဘယ်သူ့ကိုပြောတာလဲ ၊ ကျွန်တော်ဒီနေ့ တွေ့ခဲ့တဲ့သူက သိပ်ကိုများလို့ "

ရှင်းဟာ မူးနေပေမယ့် အမူးပါးဖြစ်ပုံရတော့ စစ်နေခ၏နူတ်ခမ်းထောင့်က ကော့တက်သွားလေသည် ။

" ရှိန်းတေဇကို ပြောတာ ၊ အခုတလော မင်းတို့နှစ်ယောက်က အတော်လေးဆက်ဆံရေး ကောင်းနေပုံပဲ "

" အာ .... သူလား ။ အင်း ... တွေ့ခဲ့တယ် ၊ သူက ကျွန်တော့်ကို propose လုပ်ဖို့တောင်ကြံနေတာ "

" Propose ... "

" အင်း ... ဒါပေမယ့် သွယ်ဝိုက်နည်းနဲ့အတိအလင်းငြင်းခဲ့ပြီးသား ။ သူက ကျွန်တော်သဘောကျတဲ့ type မျိုးမဟုတ်ဘူး "

ထိုစကားကြောင့် စစ်နေခ၏မျက်နှာတွင် ဖုံးဖိမထားနိုင်သော အပြုံးများကလှိုင်လှိုင်တက်လာတော့သည် ။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now