ep 35

25.7K 2.2K 67
                                    

ရှင်း သူ့ရဲ့စိုးရိမ်စိတ်ကို ဖုံးဖိမရနိုင်တော့ဘဲ ဆံပင်ကြားလက်ချောင်းထိုးထည့်ကာဖွလိုက်ပြီး ညည်းညူးလိုက်သည် ။

"ဒါဆို နောက်ဆုံးသူဘယ်မှာရှိခဲ့လဲ စုံစမ်းပေး ၊ ဘယ်သူတွေနဲ့တွေ့ခဲ့လဲကစ အသေးစိတ်စုံစမ်း ။ သူငါနဲ့ ဒီည စောစောတွေ့မယ်ဆိုပြီး ကတိပေးထားပြီးသား ၊သူက ကတိပေးထားတာကို ဖျက်တတ်တဲ့လူမဟုတ်ဘူး ''

ရှင်းစိတ်ထဲ ပုံမှန်မဟုတ်ဘူးလို့ ခံစားရလာပြီး သူ့မျက်နှာဟာ ချက်ချင်း မိူင်ကျသွားသည်။

ခင်ဗျား ကျုပ်နဲ့တွေ့မယ်လို့ ကတိပေးထားပြီး ဘာလို့ အချိန်မှီရောက်မလာရတာလဲ ၊ ဘာလို့ကျုပ်ကို စိုးရိမ်အောင် လုပ်ရတာလဲ ၊ ခင်ဗျားကိုတွေ့ရင် မှတ်လောက်သားလောက်အောင် ဆုံးမပစ်မယ် ကြည့်ထား။

"ကျွန်တော်တို့ ရဲစခန်းကို အကြောင်းကြားရမလား ဒါရိုက်တာ , CEO ပျောက်နေတာ တစ်နာရီလောက်ရှိပြီ အခုထိ အဆက်သွယ်မရသေးဘူး ''

"မလိုဘူး ရဲစခန်းကို အကြောင်းကြားရင် လုပ်ထုံးလုပ်နည်းတွေနဲ့ အချိန်ကြာလိမ့်မယ် ငါကိုယ်တိုင်ရှာမယ် ''

ရှင်း ခြံအပြင်ဘက်သို့ ကားကို အရှိန်ပြင်းစွာ မောင်းထွက်သွားသည် ။ အခုချိန်မှာ စိတ်အေးအေးနေဖို့ ဘယ်သူမှ ရှင်းကို မနှစ်သိမ့်ရဲကြဘူး။

CCTV မှာ စစ်နေခရဲ့ကားဟာ ကုမ္ပဏီကနေ စထွက်လာတဲ့အချိန်ကို ပြန်စစ်ပြီး သူသွားတဲ့ လမ်းတစ်လျှောက်လုံး ပြန်စစ်ကာ အဖြေရှာခဲ့သည်။ ဖုန်းကိုခြေရာခံတာတို့ လူလွှတ်ရှာတာတို့ ရှင်းတတ်နိုင်သမျှရှာဖွေပေမယ့် အခုထိ မတွေ့သေး ။

စစ်နေခပျောက်နေတာ အခုဆို (၈) နာရီရှိပြီ ၊ အမြဲတမ်း အေးတိအေးစက်ဖြစ်လွန်းတဲ့ ဒါရိုက်တာရဲ့မျက်နှာဟာ ဒေါသတွေနဲ့ နီမြန်းနေ၏။ အနီးနားမှာရှိတဲ့ လူတွေကိုလည်း အော်ဟစ်နေမိသည် ။ ချက်ချင်းကြီး မရင့်ကျက်တဲ့ ကလေးတစ်ယောက်လို ဖြစ်သွားပြီး အမြန်ဆုံး တွေ့အောင်ရှာကြစမ်း ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါ ပြောနေမိ၏။

စစ်နေခ ပျောက်ဆုံးပြီး (၁၂) နာရီ အကြာ ရဲစခန်းက ဖုန်းဆက်လာလေသည် ။ အခုချက်ချင်း ရဲစခန်းကို လာခဲ့ပေးပါတဲ့ ။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now