ep 22

42.4K 3.1K 67
                                    

စစ်နေခ၏ကားသည်ခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူသည်ကားပေါ်မှအလျင်စလိုဆင်းလာကာ တဖက်ကားတံခါးကိုဆွဲဖွင့်လိုက်သည် ။ ထို့နောက်သူ့ကိုမျက်လုံးပြူးကာကြည့်နေသော ရှင်း၏လက်ကောက်ဝတ်ကိုဆွဲကာ အိမ်အပေါ်ထပ်ဆီသို့ ဒုန်းစိုင်းတက်လာခဲ့သည်။ သူ၏ဦးတည်ချက်သည် အိပ်ခန်းရှိရာဖြစ်လေ၏ ။ ရှင်းရဲ့ လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး အခန်းတံခါးကို ဝုန်းခနဲပိတ်ကာ ရှင်းကို အခန်းနံရံမှာ ကပ်ထားလိုက်သည် ။

"ခင်ဗျား ဒါဘာလုပ်တာလဲ ''

ဒီလိုပုံစံမျိုး ရုပ်ရှင်ထဲမှာပဲမြင်ဖူးတာပါ ၊ ကိုယ်တိုင်ကြုံလာရချိန်မှာတော့ ရှင်းအနေနဲ့ရင်တမမဖြစ်နေရ၏ ။ သူ ဒီလူကြီးအကြောင်းကောင်းကောင်းသိတာပေါ့ ၊ သူလိုချင်ရင် ဘယ်နည်းနဲ့မှ အလွတ်ခံမှာမဟုတ်ဘူး ။ ကုမ္ပဏီမှာဆိုရင် ရေခဲရိုက်ထားတဲ့မျက်နှာနဲ့နေတဲ့ CEO က အိမ်မှာဆို ဘယ်လိုမျက်နှာရှိလဲဆိုတာ သူအသိဆုံးပေမို့လေ ။

ကားပေါ်ကဆင်းတာနဲ့ အခန်းထဲထိ သူ့ရဲ့လက်ကိုဆွဲပြီး ခြေလှမ်းကျဲကျဲနဲ့ဝင်လာကတည်းက နောက်ကပါလာတဲ့ ရှင်းဟာ အခြေအနေကို ရိပ်မိနေပြီ ၊ ဒီညအတွက် သူဘယ်လိုအကွက်ကိုမှ ရွေ့လို့မလွှတ်နိုင်လောက်ဘူး ။

သူ့ရှေ့မှာ တုန်ရီစွာနဲ့ ရပ်နေတဲ့ကောင်လေးကိုကြည့်ပြီး သနားမိသလို သူ့စိတ်ထဲကထိန်းချုပ်ထားတဲ့ဆန္ဒဟာလည်း တကယ်ထိန်းချုပ်ရခက်နေသည်မို့ လွှတ်လိုက်လို့မဖြစ် ။ သူဒီကောင်လေးကို မလွတ်ပေးနိုင်တော့ဘူး ၊ ဒါပေမယ့် သူကြင်နာမှာပါ ။ ကောင်လေးအထိတ်အလန့် ဖြစ်စေရမယ့် ကိစ္စမျိူးသူလုပ်မှာမဟုတ်ဘူး ။ သူကောင်လေးရဲ့ပခုံးတွေကို ညင်သာစွာ ဆုပ်ကိုင်ရင်း ချစ်ရည်ရွန်းလဲ့တဲ့မျက်ဝန်းအစုံနဲ့ ကောင်လေးကိုသူ့ဆီက ထွက်မပြေးနိုင်အောင် ဆွဲဆောင်ကြည့်လိုက်သည်။

"ကိုယ့်ကို ချစ်တယ်လို့ပြောပေးပါ ''

"ခင်ဗျားကြီးက အဖြေတောင်းနေတာလား ၊ ဓားပြတိုက်နေတာလား ''

"ကိုယ့်အပြုမူတွေက အဲ့လိုဖြစ်သွားလား ၊ ပြောပါဦး အချစ်ဖြစ်စေချင်တဲ့ပုံစံ ''

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now