ep 19

35.3K 2.9K 37
                                    

Shin Group ၏ အဓိကပြသနာတချို့ကို ဖြေရှင်းပြီးသည့်နောက်တွင် ရှင်းသည်သူ၏ညီဖြစ်သူကို တွေ့ဆုံရန်၎င်း၏နေအိမ်ရှိရာသို့ ချိန်းဆိုသွားရောက်ခဲ့သည် ။ သူ၏ညီဖြစ်သူသည် သူအရင်နေခဲ့သည့်အိမ်မှာပင် နေထိုင်ဆဲဖြစ်သည် ။ သူရောက်လာတော့ ရှင်းမာန်ကိုယ်တိုင် သူ့ကိုထွက်ကြိုလေ၏ ။

" ဒါရိုက်တာက အိမ်ကိုလာခဲ့မယ်ဆိုတော့ ကျွန်တော်ဖြင့်တကယ့်ကို အံ့သြပြီး ဝမ်းသာခဲ့ရတာ ၊ ကျွန်တော့်ကိစ္စတွေကိုလည်း အများကြီးကူညီပေးခဲ့ပြီးပြီ ၊ အခုလိုထပ်တွေ့ဖို့ အခွင့်အရေးရတာကပဲ တယ့်ကိုမယုံနိုင်စရာပဲ "

သူဟာရှင်းမာန်ထံ လက်ဆောင်ယူလာသော နှစ်ချို့ဝိုင်ပုလင်းကိုပေးလိုက်ပြီးနောက် ချိုသာစွာပြုံးပြလိုက်လေသည် ။ သူ့ရဲ့ချစ်စရာကောင်းတဲ့ညီလေး ၊ သနားစရာကလေးလေး ။ သူ့ရဲ့ယခင်ဘဝဟောင်းမှာတုန်းက သူ့ညီလေးကသူ့ကိုဘယ်လောက်တောင် တွယ်ကပ်တတ်တဲ့သူမျိုးလဲဆိုတာ သူကောင်းကောင်းမှတ်မိနေသေး၏။

" ရပါတယ် ... ကျွန်တော်က ခင်ဗျားရဲ့အကိုကျေးဇူးကို ဆပ်ခွင့်ရလို့တောင် ဝမ်းသာနေတာပါ "

" ဒီလိုပြောရင် ကွယ်လွန်သွားတဲ့အကို့ကိုပဲ တကယ်အားနာမိတယ် ။ အရင်တုန်းကလည်း ကျွန်တော့်ကိုအမိလိုအဖလို ကာကွယ်စောင့်ရှောက်ပေးခဲ့ရပြီး အခုသူမရှိတော့တာတောင် ကျွန်တော့်ကိုကာကွယ်ပေးနေသလိုပါပဲ "

" ဒါပေါ့ ..... ခင်ဗျားရဲ့အကိုကခင်ဗျားကို သိပ်ချစ်တယ်ဆိုတာ အားလုံးထက်ခင်ဗျားကပိုသိလောက်မှာပါ "

ရှင်းကရှင်းမာန်၏ပခုံးကိုလှမ်းဖက်လိုက်တော့ ရှင်းမာန်သည်အနည်းငယ်တော့ ကြည်နူးဝမ်းသာရသလို အံ့သြမှုလည်းဖြစ်ပေါ်ခဲ့ရသည် ။ ရှင်းဟာသူ့ထက်အသက်ငယ်ရွယ်ပုံပေါ်သော်လည်း သူ့ထက်ရင့်ကျက်ကာ အကိုကြီးတစ်ဦးလို ခံစားရတာကြောင့်ဖြစ်၏ ။ နှစ်ဦးသားဧည့်ခန်းဆီသို့ ဝင်သွားပြီးနောက် စကားစမြည်ပြောခဲ့ကြသည် ။

စကားပြောနေရင်း ရှင်းမာန်၏ဖုန်းသည်ရုတ်တရက်ထမြည်လာခဲ့သည် ၊ ရှင်းမာန်ဟာသူ့ကိုအားနာတာကြောင့် ဖုန်းကိုအသံပိတ်ကာ ချလိုက်ပါသော်လည်း တဖက်လူသည်ဆက်တိုက်ခေါ်လာခဲ့သည် ။ နောက်ဆုံးမှာတော့ ရှင်းမာန်ကသူ့အားတောင်းပန်ကာ အပြင်တစ်ချက်ထွက်ပြီး ဖုန်းထွက်ပြောခဲ့သည် ။ သို့သော်မိနစ်ပိုင်းအကြာမှာတော့ ရှင်းမာန်ကချက်ချင်းပင်ပြန်ရောက်လာခဲ့သည် ။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now