ep 20

35.5K 3K 28
                                    

ဒီရက်ပိုင်း စစ်နေခလည်းအလုပ်ရူပ်တာမလို့ ရှင်းကို ပိုးပန်းဖို့ ခဏနောက်ဆုတ်ထားလိုက်သည်။ ကုမ္ပဏီမှာတော့ စစ်နေခက စစ်နေခပါပဲ ။ သူ့ရဲ့ရုံးခန်းနဲ့ မဝေးတဲ့ ရှင်းရဲ့ရုံးခန်းထဲကို တော်ရုံဝင်မလာပေ ။ အစည်းဝေးခန်းထဲမှာတွေ့ရင်တောင် သူ့အလုပ်ကိစ္စတွေအပေါ်သာ အာရုံစိုက်လေသည် ။ ရှင်းကလည်း စစ်နေခ သူ့ကိုမနှောက်ယှက်သည့်အပေါ် စိတ်သက်သာရာရနေသည် ။ မဟုတ်ရင် အလုပ်လုပ်ရမလား သူ့အနောက်ယှက်ကလွတ်အောင် နေရမလားမသိ။ သို့ပေမယ့် ရှင်းအတွက် နေ့လည်စာမလွတ်အောင်တော့ ပြင်ဆင်ပေးတတ်သည်။ ရှင်းကြိုက်တတ်တဲ့ အစားအစာများကို နာမည်ကြီးစားသောက်ဆိုင်ကနေမှာ ယူပေးတတ်သည်။

ဒီလိုနဲ့ တစ်ရက်နှစ်ရက်ကြာတော့ ရှင်း သိပ်မပျော်တော့။ သူ့ကိုတမင်ပစ်ထားတယ်လို့ ခံစားရကာ စိတ်ဆိုးချင်လာသည် ။ ပိုပြီးဆိုးတာက စစ်နေခကိုမတွေ့တာ ဒီရက်ဆို သုံးရက်ပြည့်ပြီ ။ တွေ့လိုက်ရင်လည်းတစ်ချက်ပဲ ၊ အခုရက်ပိုင်း စစ်နေခကိုတွေ့တာ လက်ချိူးရေလို့သည်။ ကုမ္ပဏီမှာမတွေ့လို့ အိမ်ရောက်ရင် တွေ့နိုင်သည်ဟုထင်ထားမိပေမယ့် အိမ်ကိုလည်းပြန်လာမအိပ်။

ဟိုတရက်ရှင်းမာန်နဲ့တွေ့ပြီး ပြန်လာတဲ့ညက သူသည်စစ်နေခနှင့်အတော်လေးအဆင်ပြေခဲ့သည်ဟု ထင်မိသော်လည်း ထိုမနက်မှစပြီး ယခုထိစစ်နေခကို ဖမ်းမိရန်အတော်လေးခက်ခဲနေခဲ့သည် ။ အဲ့ရက်တုန်းက သူတို့ကြားဘာအဖုအထစ်မှမရှိခဲ့တာ သေချာသည် ။ ဒါကိုဘာကြောင့်များ သူ့ကိုရင်ခွင်ပိုက်ကလေးလို ဂရုတစိုက်ရှိသောစစ်နေခက ရုတ်တရက်ကြီး ပစ်ထားရတာလဲဆိုတာ သူနားမလည်နိုင်ခဲ့ ။

ဘာကြောင့် စစ်နေခကအခုလို အိမ်တောင်မပြန်နိုင်ဘဲအလုပ်လုပ်နေတာလဲဆိုတာ စဉ်းစားရင်းစဉ်းစားရင်း သူ့ရုံးခန်းအခြေအနေကိုအကဲခတ်ကြည့်လိုက်သည် ။

အခုရက်ပိုင်း ကုမ္ပဏီနဲ့တိုက်ရိုက် မပတ်သက်တဲ့လုပ်ငန်းတစ်ချို့ကြောင့် အစည်းဝေးခေါ်တာမျိုးမလုပ်ဘဲ စစ်နေခကိုယ်တိုင်ဖြေရှင်းပြီးလုပ်နေတာမို့ ရှင်းကိုတွေ့ဖို့ရန်အချိန်မပေးနိုင်ခဲ့ ။ သုံးရက်အတွင်း ဒါတွေကို အပြီးသတ်ရမှာ ၊ ဒါပြီးရင် သူ့အတွက် အရမ်းကြီးမားတဲ့ အကျိုးအမြတ်ကျန်တာမို့ တစ်ချက်ကလေးမှ လွဲသွားလို့ မဖြစ်တာ‌ေ‌ကြာင့် ဒီရက်ပိုင်း အိမ်ကိုမပြန်ဘဲ ကုမ္ပဏီမှာပဲနေဖြစ်ခဲ့တယ်။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now