ep 17

34.7K 3.1K 51
                                    

ကိုယ့်သဘောအတိုင်းပဲ လုပ်တော့မယ် ဆိုတဲ့စကားထဲမှာ အခိုင်အမာ ဆုံးဖြတ်ချက်ချထားနှင့်ပြီးကြောင်း စစ်နေခ၏မျက်ဝန်းမှတစ့်ဆင့်သိလိုက်သည် ။ စစ်နေခ ရှင်းကိုဆွဲယူပြီး ရင်ဘတ်ချင်းအပ်လိုက်ကာ တပ်မက်စိတ်ဖြင့် ကြည့်နေလိုက်တယ်။ ထိုသူရဲ့မျက်ဝန်းထဲကမီးစဟာ တဖြေးဖြေး တောက်လောင်လာပြီး အားပြင်းတဲ့မီးတောက်အဖြစ်ပြောင်းလဲသွားလေသည် ။ အသက်ရှူသံပြင်းပြင်းက တဖြည်းဖြည်းနဲ့မြန်လာပြီး စိတ်လှုပ်ရှားနေကြောင်းသိသာစေခဲ့သည်။ သူ့ရဲ့ထိန်းမရတော့တဲ့ ရင်ခုန်သံအတွက် ထိုကောင်လေးအပေါ် အကုန်စုပုံချရန်စဉ်းစားလိုက်ပြီး ရှင်းရဲ့လည်တိုင်ကို သူ့ရဲ့ကျန်လက်တစ်ဖက်နဲ့ ရုန်းမရအောင် ထိန်းချုပ်လိုက်ကာ နီရဲစိုဆွတ်နေတဲ့ နူတ်ခမ်းဖူးလေးအပေါ် ဖိကပ်နမ်းရူပ်လိုက်သည်။

ပထမတော့ ရှင်းအနည်းငယ်ကြောင်အမ်းသွားသည်။ သတိဝင်လာတဲ့အချိန်မှာ စစ်နေခက သူ့ကိုမွတ်သိပ်စွာ နမ်းနေပြီ ။ သူရုန်းဖို့ကြိုးစားလိုက်ပေမယ့် စစ်နေခရဲ့ ခန္ဓာကိုယ်ဟာ အရမ်းသန်မာလွန်းနေသည် ။ သူ့အဖြစ်က ကျောက်ဆောင်ကို ခေါင်းနဲ့တိုက်နေသလိုမျိုး ၊ ကြီးမားတဲ့ နွံအိုင်ထဲကိုရောက်နေသလို ခံစားရလာသည်။ သူရုန်းလေစစ်နေခက ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်လေမလို့ နောက်ဆုံး လက်လျော့ပြီး အသက်ရူနိုင်အောင် ကြိုးစားလိုက်ရသည် ။

သူ့ကိုရုန်းကန်လို့မရတဲ့အထိ ချုပ်နှောင်ထားရုံမက နူတ်ခမ်းဖျားတွေကိုပါဆွဲစုပ်လာလို့ ရှင်း တော်တော်လေးမောဟိုက်သွားခဲ့သည် ။ အခုသူ့ပုံစံက ကျားလက်ထဲမှာ အစားမခံရခင် အရင်ကစားခံရတဲ့ယုန်သူငယ်လိုပဲ ၊ ပြန်လည်းမခုခံနိုင်ခဲ့ ။ နောက်ဆုံးပျော့ဖတ်လွန်းတဲ့ သူ့ခန္ဓာကိုယ်ကိုသာ အပြစ်ပုံချလိုက်တော့သည်။ တဖြေးဖြေးနဲ့စစ်နေခဟာ အတင်းအဓမ္မအနမ်းမျိူးမဟုတ်တော့ဘဲ နူးညံ့ပျော့ပျောင်းလာပြီး ညင်ညင်သာသာ နမ်းရိူက်လာလေ၏။ သူ့ရဲ့နူတ်ခမ်းဟာ ရှင်းရဲ့ပါးရိုးတွေဆီရောက်လာပြီး နောက်ဆုံးမှ လည်တိုင်နားရောက်လာကာ သူ့အနမ်းကို အရှိန်သတ်လိုက်သည်။ ပြီးနောက်မှ ရှင်းကိုလွှတ်ပေးပြီး နီရဲနေတဲ့ ရှင်းရဲ့မျက်နှာလေးကို ကြည်နူးစွာကြည့်ကာ ရှင်းသူ့အပေါ်တုံ့ပြန်မူကို သိလိုသဖြင့် စနောက်လိုက်ပြန်သည်။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now