ep 45

31.5K 2.3K 165
                                    

မနက်အိပ်ယာနိုးလာတာနဲ့ စစ်နေခသည်ရှင်းကသူ့ကိုယ်ပေါ် တက်ခွစီးတာကို ခံလိုက်ရလေသည် ။ သူ့မျက်လုံးကိုဖွင့်လိုက်တာနဲ့ ဒေါသချောင်းချောင်း ထွက်နေသောရှင်းကို လတ်လတ်ဆတ်ဆတ်ကြီးမြင်လိုက်ရလေ၏ ။ ရှင်းကသူ့လည်ပင်းကို လက်ဖြင့်ညစ်ထားပြီး အံကြိတ်ကာ မေးလိုက်သည် ။

" ညက အရမ်းပျော်ဖို့ကောင်းလား ... ဟမ့် "

" ဘေဘီ ... ဘာတွေပြောနေတာလဲ ၊ ကိုယ်တကယ်မသိဘူး "

ရှင်းကသူ့လည်ပင်းနာ နာအောင်ညစ်ထားတာမဟုတ်ဘဲ ခပ်ဖွဖွသာညစ်ထားတာကြောင့် ရှင်းတစ်ယောက် အမှန်တကယ်ဒေါသထွက်နေတာမဟုတ်ဘဲ ရှက်ရမ်းရမ်းနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားလေ၏ ။ ထို့ကြောင့်သူသည် အရူးကွက်နင်းဖို့သာ ကြံလိုက်သော်လည်း ရှင်းကလွှတ်မပေးသေး ။

" ဘာအခုမှ မသိဘူးလဲ ။ ညကကိစ္စ ကျုပ်ကောင်းကောင်းကြီး မှတ်မိသေးတယ် စိတ်ချ ။ ခင်ဗျားပြောတဲ့ ခေါင်ရည်ဆိုတဲ့ထဲ ဘာထည့်ထားသေးလဲ ။ ဘာကိစ္စ ကျုပ်ရဲ့လက်တွေက မ,လို့မရတဲ့အထိ လေးလံသွားရတာလဲ ပြောစမ်း "

" အာ ..... ဘေဘီရာ ။ သောက်နေကျမဟုတ်တဲ့ဟာကို အများကြီးသောက်လိုက်ပြီးမှ ကိုယ့်ဘာကို လမ်းတောင်မလျှောက်နိုင်တော့တဲ့ကိစ္စ ကိုယ်နဲ့ဘာဆိုင်လို့လဲ ။ ကိုယ်မင်းကို တားသေးတယ်လေ .. မှတ်မိတယ်မဟုတ်လား "

စစ်နေခက ရှင်းကိုချော့မော့ပြီး သူ့လည်ပင်းကိုညစ်ထားတဲ့လက်ကို ပုတ်လိုက်သည် ။ ထိုအခါမှရှင်းက သေချာလေးစဉ်းစားပြီး စစ်နေခ၏လည်ပင်းကို ညစ်ထားရာမှ လွှတ်ပေးလိုက်သည် ။ ထို့နောက် စစ်နေခ၏ကိုယ်ကို တက်ခွထားရာမှ ခွာရန်ကြံလိုက်သော်လည်း စစ်နေခကသူ့ခါးကိုပြန်လည်ဆွဲယူပြီး အောက်ကိုပို့ထားလိုက်သည် ။

" မျက်လုံးဖွင့်လိုက်တာနဲ့ မင်းကိုယ့်ကို အခုလိုတက်ခွထားတာမြင်တော့ ကိုယ်အတော်လေးကို စိတ်လှုပ်ရှားသွားတယ် ။ ဒါက အန္တာရယ်များတဲ့ အပြုအမူမလို့ နောက်တခါ မစဉ်းစားဘဲမလုပ်ရဘူးနော် ။မဟုတ်ရင် ဖြစ်လာတဲ့အကျိုးဆက်က မင်းကိုစိတ်ဆိုးအောင် လုပ်မိသွားလိမ့်မယ် "

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now