အချစ်တဲ့ ၊ နေပါဦး .. သူ ဘယ်တုန်းက စစ်နေခကို အချစ်လို့ခေါ်ခွင့်ပြုမိပါလိမ့် ။

"ခင်ဗျားကြီးတော်ကိုပဲသွားချစ်စမ်း .. ဘာအချစ်လဲ ၊ ကျွန်တော်ခင်ဗျားကို ခေါ်ဖို့ခွင့်ပြုထားလို့လား ၊ ပြီးတော့ ကျွန်တော့်ကိုယ်ပေါ်က ဖယ်တော့''

စစ်နေခကတော့ သူ့ကိုပန်းနဲ့ပေါက်သည့်အလား နည်းနည်းမှမတုန်လူပ်ဘဲ ထိုနေရာမှ တစ်စက်လေးမှမရွေ့ ။

"ကိုယ်ဆုံးဖြတ်ပြီးသွားပြီ ၊ မင်းလေးနဲ့နောက်နှစ်ထဲ ကမ္ဘာတစ်ပတ်ခရီးထွက်မယ် ၊ သုံးနှစ်အတွင်း လက်ထပ်မယ် ၊ အသက် ၉၀ ထိအတူတူနေမယ် ၊ ကိုယ်သေဆုံးသွားရင် မင်းလေးရဲ့အုတ်ဂူဘေးမှာပဲ မြှပ်နှံမယ် ၊ မင်းအရင် သေဆုံးခဲ့ရင်လည်း ကိုယ့်ရဲ့အုတ်ဂူဘေးမှာပဲ မြှပ်နှံဖို့ အားလုံးစီစဉ်ထားပြီးပြီ. .ကဲ ဘာလိုသေးလဲ ''

စစ်နေခရဲ့ မဟာ့မဟာအစီစဉ်ဟာ ရှင်းကို လုံးဝကြီးတူန်လူပ်သွားစေခဲ့တယ် ။ မနက်အစောကြီး သူ့အပေါ်ကိုတက်ခွထားပြီး တရားဝင်တောင် မတွဲရသေးတဲ့သူနဲ့ ထိုလူကြီးက ကမ္ဘာပတ်ဖို့.ကြံစည်နေတယ် ။ ဝေးသေးတဲ့လက်ထပ်ပွဲကလည်း သူ့အစီအစဉ်ထဲ ပါသွားပြီးပြီ ။ ပြီးတော့အသက်က ၁၀၀ ထိလည်းမဟုတ်ဘဲ ၉၀ ထိပဲတဲ့ ၊ အဆိုးဆုံးက ကိုယ်သေရင်တောင်သူ့ဘေးနားမှာပဲ သေရမယ်ဆိုပဲ ။ ဒီလူကြီးရဲ့အတွေးတွေက another level မှာရောက်နေပြီ ၊ ဒီလိုပေါက်ပန်းလေးဆယ်တွေပြောနေတဲ့လူကြီးက Star Group ရဲ့ CEO စစ်နေခဆိုတာ သူမယုံကြည်နိုင်တော့ ။

"ခင်ဗျား မနေ့ညက ကျွန်တော်နမ်းလိုက်လို့ ရူးသွားတာလား ၊ ဒါဆိုလည်း ကျွန်တော့်ကိုယ်ပေါ်က အရင်ဖယ်စမ်းပါ ၊ ခင်ဗျားနဲ့ ကမ္ဘာတစ်ပတ်မပတ်ခင် ဒီအခန်းထဲမှာတင် အရင်အသက်ထွက်သွားမယ်ထင်တယ်''

ရှင်းဖြစ်ပျက်နေပုံကိုကြည့်ပြီး စစ်နေခက လုံးဝသဘောကျစွာရယ်မောပြီးမှ ရှင်းရဲ့လက်ကိုဖယ်လိုက်ပြီး သူ့ကိုယ်ပေါ်ကခွာလိုက်သည် ။

" မင်းကိုမထိခိုက်စေရပါဘူး အချစ် ၊ ကိုယ်မင်းကိုသဘောကျလို့ စတာပါ ''

ရှင်းအိပ်ယာပေါ်မှ ကမန်းကတန်းထပြီး စစ်နေခကို ခေါင်းအုံးနဲ့လှမ်းပေါက်လိုက်သည် ။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now