Part 2

4.9K 341 5
                                    

Baby Boss

Part 2

Singtoအစောထွက်လာပေမဲ့  Baby Boss က ကုမ္ပဏီ သွားဖို့ ကားပေါ်တောင် တက်တော့မယ် ဦးလေးက ကျွန်တော်ကို ကြည့်ကာ ခေါင်းယမ်းပြသည်။

" Boss ဒါ Boss ရဲ့ အတွင်းရေးမှူး အသစ်ပါ  "

ကျွန်တော်ကို ကြည့်ကာ ဘာမှမပြောပဲ ကားပေါ်တက်သည်။ ကျွန်တော်လည်း လိုက်တက်လိုက်ကာ Bossက ကားမောင်းတဲ့ ဒါရိုက်ဘာကို

" ဒီလို့ကားမောင်းတာ နှေးနေပုံနဲ့ ငါအချိန်တွေ အများကြီးကုန်တယ်  ဆယ်မိနစ်အတွင်း ကုမ္ပဏီ ရောက်အောင်မောင်း "

ဒါရိုက်ဘာ လူငယ်ကောင်လေးက

" ဟုတ်ကဲ့ Boss "

ကားကို အရှိန်မြှင့်စွာမောင်းထွက်ခဲ့သည်
Baby Bossက စိတ်လှုပ်ရှားစွာ ကျွန်တော်လက်ကို ကိုင်ထားသည်။

"ရောက်ပါပြီ Boss  "

ကားတံခါးဖွင့်ပေးရင်း ဆိုလာတဲ့
လူငယ်ဒါရိုက်ဘာလေး

" အချိန်တော့ အတိအကျပဲ  "

" ဟုတ်ကဲ့ Boss  အခု 9 မီနစ်ကျော်နဲ့ ရောက်အောင်မောင်းနိုင်ခဲ့တာပါ  "

Baby Boss  ထိုလူငယ်ဒါရိုက်ဘာကို
ဘတ်တစ်ထောင် ထုတ်ပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ် Boss  "

နောက်ထပ်တစ်ရွက် ထုတ်ပေးရင်

" ရပါတယ် Boss အဲ့လောက်အများကြီး "

" မင်းအလုပ်ထွက်တော့  "

" ဗျာ ကျွန်တော်ဘာအပြစ်ရှီလို့ လဲ အချိန်မှီရအောင်ပို့ပေးတယ်လေ ပြီးတော့ ကျွန်တော်  အလုပ်ဝင်တာ နှစ်ရက်မပြည့်သေးဘူး "

"ငါကို ဒီလိုရုပ်ပျက်စွာ ဖြစ်စေပြီး အချန်မှီပို့ခိုင်းတာ မဟုတ်ဘူး မင်းလို့ တာဝန်ကျေရုံဆိုပြီး အန္တရာယ် များတဲ့ အပြုအမှုကိုလုပ်တဲ့ ကားမောင်းသမား အလိုမရှီဘူး "

" မလုပ်ပါနဲ့ Boss  "

Baby Boss လက်ဖျောက်တီး လိုက်တော့ လုံခြုံရေး ဝန်ထမ်းတွေ ကားသမားကို ဆွဲခေါ်ထုတ်သွားသည်။ ဟူး မလွယ်တဲ့ ၁၅နှစ်သားပါလား  ကျွန်တော်ဘက်လှည့်ကာ စူးစိုက်စွာကြည့်သည်။

ကလေးလေးဆိုပေမဲ့ အကြည့်က ကျောချမ်းစရာ
ကောင်းသည်။

" မင်းက "

ဒီ Baby Boss က ကျွန်တော်ကိုများ မင်းနဲ့ငါနဲ့ တော်တော်ရိုင်းတယ် ငါနာမည် Singto မင်းထက်ငါးနှစ်ကြီးတယ်  မင်းရိုင်းသမျှ ခံမယ် ထင်နေလား

" ဟုတ်ကဲ့ Boss ကျွန်တော်နာမည် Singtoလို့
ခေါ်ပါတယ်  "

" နာမည်မေးတာ မဟုတ်ဘူး ငါဘေးမှာ ဘာရာထူးနဲ့ အလုပ်လုပ်ဖို့ ရောက်လာတာလဲ "

" အတွင်းရေးမှူး ရာထူးနဲ့ ပါ Boss "

" အတွင်းရေးမှူးဆိုတော့ သူဌေးဖြစ်ချင်တာ အကုန်လုပ်ပေးရတဲ့ စွယ်စုံ ဂျိုကာ ပဲ အဲ့တော့ မင်းကို ငါ ဂျိုကာလို့ ခေါ်မယ်  "

" ဟုတ်ကဲ့  "

" ဒီမှာ ဂျိုကာ နေ့ခင်းဘက်ကျရင် ငါ ဟိုတယ်သွားပြီး ထမင်းစားမယ် ဘိုကင်လုပ်ထားလိုက် ပြီးတော့ ကားမောင်းသမားအသစ်နဲ့ သွားမယ် အခု 9 နာရီဆိုတော့  12ထိုးသွားမယ် ဒီအတော့တွင်း ကားမောင်းသမား အသစ်ချက်ခြင်းရှာထားပါ  "

" ဗျာ အခုချက်ခြင်းကြီး "

" ဘာလဲ ဂျိုကာ မရှာနိုင်ဖူးလား မရှာနိုင်ဖူးဆိုရင် ... "

" ရှာနိုင်ပါတယ် အဆင့်သင့်ဖြစ်စေရပါမယ် Boss "

" ကောင်းပြီ ဂျိူကာ ငါမင်းအရည်အချင်းကို
ကြည့်မယ် "

Boss ကုမ္ပဏီထဲ ဝင်သွားသည် ကျွန်တော်ကတော့ အထုတ်ခဲ့ရတဲ့ ၄၉ ယောက်မြှောက်အတွင်းရေးမှူး မဖြစ်အောင် ကားမောင်းသမား ရှာဖွေရင်း စရတော့မယ် ဟူး မလွယ်ပါ့လား Singto ရယ် မင်းဘဝတော့ အလုပ်ရှင်ရဲ့အသက်က ၁၅ နှစ်မို့လို့ပေါ့  
တော်တော် ဒုက္ခ ပေးတဲ့ Babyလေးပဲ။

Baby BossWhere stories live. Discover now