Guileful Cirrus Ch-1

Start from the beginning
                                    

"အစ်ကိုလေး ကျောင်းချိန်နီးနေပြီ"

ကျိုးကျိုးနွံနွံအသံနဲ့ ကျွန်တော့်ကိုလာခေါ်တဲ့ သူကြောင့်ကျွန်တော်မြက်ခင်းပြင်ပေါ်ကနေ ကျွန်တော်လက်မထောက်ဘဲနဲ့ဆတ်ခနဲထလိုက်တယ်။ လေ့ကျင့်ခန်းလုပ်နေကျလူမို့ဒီလောက်တော့လုပ်နိုင်လေရဲ့။ ၉ တန်းကျောင်းသားမို့ကျောင်းကတော့မဖြစ်မနေတက်နေရသေးတယ်။ ကျွန်တော်ကစာကြိုးစားတဲ့ကျောင်းသားတစ်ယောက်မဟုတ်သလိုကျောင်းတက်ချင်စိတ်ရှိတဲ့လူလည်းမဟုတ်။ ဒါပေမယ့်ကျွန်တော်ကျောင်းတစ်ရက်မပျက်ခဲ့သလိုကျောင်းပိတ်ရက်တွေကိုလည်းအရမ်းမုန်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ Taeyong ဆိုတဲ့ကျွန်တော့်မြင်ကွင်းထဲမှာအမြဲမြင်ချင်တဲ့လူသားကကျောင်းပျက်ရက်မရှိသလို ကျွန်တော်ကလည်းသူ့ကိုမတွေ့ရမနေနိုင်ဖြစ်နေတဲ့လူသားတစ်ယောက်ဖြစ်နေတာကြောင့်....။

အနက်ရောင်ဝမ်းဆက်ဝတ်ထားပေမယ့် သပ်ရပ်စွာဝတ်ဆင်ထားတာကြောင့် သူ့ကိုတွေ့ရင်တောင်လူတွေကရှိန်ကြတယ်။ ကျွန်တော်တို့အိမ်ကအလုပ်သမားတွေအားလုံးဒီလိုအထာနဲ့ဒီလိုစတိုင်ပဲ။

ကျွန်တော်မတ်တပ်ရပ်လိုက်တော့ သူကိုင်လာတဲ့ကျွန်တော့်ကျောပိုးအိတ်ကိုပေးလာတယ်

"Johnny! နောက်နေ့တွေ ဒီနေရာကိုစောစောလာရအောင် ဒါမှ ဒီနေရာမှငါအေးချမ်းစွာခံစားချက်အပြည့်ယူလို့ရအောင်"

*smirk*

ကျောင်းချိန်နီးလို့မဖြစ်မနေ ဒီမြက်ခင်းပြင်ကနေခွာရတော့မှာဖြစ်လို့ ကျွန်တော်မဲ့ပြုံးပြုံးလိုက်မိတယ်

"nae"

သိန်းပေါင်း ၁ သောင်းကျော်လောက်တန်တဲ့ ပြောင်ပြီးလက်နေတဲ့ကားအနက်ရောင်ထဲကိုကျွန်တော်ဝင်လိုက်တယ်။ ကားအကောင်းစားကိုစီးရတဲ့အရသာက ကျွန်တော့်အတွက်တော့ စီးကရက်သောက်ရသလောက်မကောင်းတော့ပေမယ့် Taeyong အတွက်တော့ အရမ်းအိပ်လို့ကောင်းတဲ့အိပ်ရာများဖြစ်နေမလားမသိဘူး

ကားဘီးစလှိမ့်တာနဲ့ သူ့အကြောင်းကိုစတွေးမိသည်။

Johnny က ကားမောင်းသူနေရာမှာထိုင်ကာ အထာကျကျနဲ့ ကျောင်းသို့တန်းမတ်စွာမောင်းနေနှင့်ပြီ။

Guileful Cirrus Where stories live. Discover now