Ep-2

29.4K 3.1K 124
                                    

ဟန်မင်းဆက် , ဘီစီ ( ၂၀၂ - ၂၂၀ )

ကြင်ယာတော် Jun ဟာ အပယ်ခံ အဆောင်တွင်
အပယ်ခံ ကြင်ယာတော် တစ်ပါးဖြစ်သည့်အတွက်
အရောင်တောက်တောက် ဝတ်စုံတွေကို ဝတ်ခွင့်မရှိ
လှပသော ပိုးဖဲသားတွေကိုလည်း ဝတ်ခွင့်မရှိ
သာမန် ချည်သား ဝတ်ရုံ ဖြူ ဖျော့ဖျော့ကိုသာ
ဝတ်ဆင်ထားခြင်းကြောင့် နဂို ဖြူ သော အသားအရည်
သည်ပို၍ ပင် ဖြူ လွန်းနေသည်

သို့သော် ယခုချိန်ထိ မာန်မာန ပြင်းထန်သော
မျက်နှာထား တည်တည်နှင့်အတူ  ထူထဲသော
မျက်ခုံးတစ်စုံအောက်တွင်  လှပသော မျက်လုံး
ဝိုင်းဝိုင်းတို့က   စူးရှနေမြဲ 

သာမန် ကိုယ်လုပ်တော် အတွက်တောင်
အစေခံ အပျိုတော် ခြောက်ယောက်လောက်ရှိသော်လည်း
ယခု ကြင်ယာတော် Jun တွင်မူ
အပျို တော် နှစ်ယောက်သာ ရှိသည် မိန်းမစိုး
အထိန်းပင် မရှိ    နန်းတော် ရှိ အစွန်နန်းဆောင်
ဖြစ်နေသည့်အလျောက်  နန်းတွင်းအတော်လှမ်းကာ
သုဿ      န်တစပြင်အလား   တိတ်ဆိတ်ငြိမ်သက်လျက်

ကြင်ယာတော် Jun မကျေ နပ်နိုင်ပါ သူ့ကို
အခုလို အရှင် စွန့်ပစ်ခဲ့တဲ့ အတွက် အရှင့်ကို
နောင်တရစေချင်တယ်

တစ်ဘဝစာလုံး အရှင့်အတွက် ပံ့ပိုးကာ
အိမ်ရှေ့စံ ဘဝမှ ယခုချိန်ထိ ကြင်ယာတော်
တစ်ယောက်အနေနဲ့ နေလာခဲ့ရတဲ့ Jun
ယောကျာ်းလေး ကြင်ယာတော် ဖြစ်တာမို့
မိဖုရား မြှောက်ခွင့် မရှိဘူးဆိုသော
ပဥာဏ်ချက်နှင့် အတူ  Jun သည်
သာမန် ကြင်ယာတော် အဖြစ်နှင့်သာ
တင်းတိမ်နိုင်ခဲ့ရသည်  

တဖန် ချစ်ကြည်ရေး ဟူသော ခေါင်းစဉ်အောက်တွင်
တိုင်းပြည်တွေမှ ဆက်သလာသော မင်းသမီးများ
မိန်းမလှပေါင်းများစွာကို  မိမိထက် မြင့်သော
မိဖုရားအရာပေးကာ မြှောက်စားခဲ့သည်ကိုပင်
Jun မျက်စိမှိတ်ကာ   မျက်နှာလွဲပေးခဲ့ရသည်
မဟုတ်လား  သူလိုချင်တာ စည်းစိမ်ချမ်းသာ
ရာထူးဂုဏ်ဒြပ်တွေ မဟုတ်

အရှင့်ရဲ့ ကြင်ယာတော် အရှင့်ရဲ့ မြတ်နိုးမှုကို
ခံယူရတဲ့သူ အရှင့်ရဲ့ ကြင်နာမှု  ယုယမှု
ဦးစားပေးမှု အချစ် အရာရာ အားလုံးကိုသာ
Jun လိုချင်ခဲ့တာ   သို့ပေမယ့် အချိန်ကာလ
ပြောင်းလဲလာသည်နှင့်အမျှ အရှင်သည်
သာမန် ယောကျာ်း တစ်ယောက်ဖြစ်သော
Jun အပေါ်တွင်  ယခင်ကလောက်
အရေးမပေးတော့ချေ   ချောပါပေ့ လှပါပေ့ဆိုသော
ကိုယ်လုပ်တော် မိဖုရားတွေ ဆီသာ
သွားရောက်နေခဲ့သည်  တပတ်တခါမျှတောင်
Jun အဆောင်တော်သို့ ရောက်မလာခဲ့တော့

Never Again { COMPLETE }Where stories live. Discover now