Baekhyun တို့မုန့်စားပြီးတော့ သုံးယောက်တူတူကားဆီလာခဲ့ကြသည်။
ကားပါကင်ရောက်တော့ လူဆိုလို့သူတို့ကလွဲပြီးအခြားဘယ်သူမှမရှိ...အင်းလေ ကားပါကင်ဆိုတာအစကတည်းက လူနည်းတဲ့နေရာဘဲမဟုတ်ပါလား...
~ရှပ်~ရှပ်~ရှပ်~
သူတို့ကားဆီသွားနေတုန်း နောက်ကခြေသံကြားတာမို့ သုံးယောက်သားခြေလှမ်းတွေကိုရပ်ကာ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိသည်။
မသိမသာရှေ့ကိုခြေတစ်လှမ်းတိုးမိတော့နောက်ကလူကလဲ ခြေတစ်လှမ်းလိုက်တိုးလာသည်။
နောက်လှည့်ကြည့်ပြန်တော့လဲဘယ်သူမှရှိမနေ...
Baekhyun, Luhan နဲ့ Tao တို့အခြေအနေကိုရိပ်စားမိသွားတာမို့ တစ်ယောက်မျက်နှာတစ်ယောက်အဓိပ္ပါယ်ပါပါကြည့်လိုက်ကာ Tao ခေါင်းညိမ့်ပြလိုက်တာနဲ့ ကားဆီပြေးတော့သည်။
အမှန်ပြောရရင် သူတို့သုံးယောက်မှာ Tao ကလွဲပြီး Baekhyun ရော Luhan ပါကိုယ်ခံပညာဟူ၍မယ်မယ်ရရမတတ်...
Baekhyun ကလဲပန်းချီဆရာတစ်ယောက်မို့ စိတ်ဝင်စားမှုမရှိတာနဲ့ သင်ကြားထားခြင်းမရှိသလို Luhan လိုစီးပွားရေးပညာရှင်တစ်ယောက်မှာလဲ ကိုယ်ခံပညာဟူ၍သင်ကြားဖို့အချိန်မရှိ...
Taoကတော့တတ်သင့်သလောက်တတ်တယ်ဆိုပေမဲ့ အခုသူတို့နောက်လိုက်နေတာ လူဘယ်နှစ်ယောက်မှန်းလဲမသိ...အများကြီးဆို Tao လုံးဝခုခံနိုင်မှာမဟုတ်ဘူးလေ..
အကူအညီတောင်းဖို့ကျတော့လဲ ဒီနားမှာလူတစ်ယောက်မှမရှိတာမို့ လွတ်မြောက်အောင်ပြေးရန်မှာသာ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု သူတို့ယူဆမိသည်။
သူတို့ပြေးထွက်သွားတာနဲ့တစ်ပြိုင်နက် နောက်ကလူတွေအများကြီးကလဲသူတို့နောက်ပြေးလိုက်လာကြသည်။
ကားဆီရောက်ဖို့ကနည်းနည်းလိုသေးတာမို့ ပြေးပေမဲ့လဲ အချိန်မမှီတော့...ဟိုလူတွေကသူတို့သုံးယောက်ကိုဝိုင်းထားလိုက်ပြီးဖြစ်သည်။
သူတို့ကိုဝိုင်းထားတဲ့သူတွေက ဆယ်ယောက်မကရှိတဲ့အပြင် လူကောင်ကလဲထွားပြီး တကယ့်လူမိုက်ပုံစံတွေမို့ သုံးယောက်သားခြေပင်မခိုင်ချင်တော့...
YOU ARE READING
ကြွေရုပ်(Complete)
RomanceWu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသောအခါ... တဇွတ်ထိုးဆန်တဲ့ Wu Chanyeol နဲ့ အစွဲအလမ်းကြီးတဲ့ Wu Kris ဘယ်သူက Byun Baekhyun ကိုပိုင်ဆိုင်ခွင့်ရလိမ့်မလဲ? ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရရင...