ကြွေရုပ်-11

8.6K 570 5
                                    

နေမင်းကြီးကဖြာထွက်လာတဲ့အလင်းရောင်တွေဟာ ပြတင်းပေါက်မှန်မှတစ်ဆင့် မျက်နှာပေါ်ဖြန့်ကျက်လာတော့ မျက်လုံးထဲစူးအောင့်လာတာကြောင့် Chanyeol နိုးထလာခဲ့သည်။

မျက်လုံးနှစ်လုံးဖွင့်လိုက်ပြီဆိုတာနဲ့ ပထမဆုံးစတင်ခံစားလိုက်ရတာက ခေါင်းကိုက်ခြင်းဝေဒနာ...

Chanyeol လက်မ နဲ့ လက်ညိုးကိုအသုံးပြုကာနားထင်ကိုဖိလိုက်ပြီးမျပ်လုံးကိုခဏတာပြန်မှိတ်လိုက်တော့ အနည်းငယ်သက်သာသွားသလိုပင်...

ခေါင်းကိုက်တာအနည်းငယ်သက်သာသွားတော့ မနေ့ကအကြောင်းတွေသူ့ခေါင်းထဲအစီအရီထွက်ပေါ်လာခဲ့သည်။

Aww... မနေ့ကအများကြီးသောက်မိတာဘဲ အဲ့တာကြောင့်ဒီလောက်ခေါင်းကိုက်နေတာဖြစ်မယ်...

ဘာဘဲဖြစ်ဖြစ် baby ဆီသွားရမယ်...baby တို့နောက်လမှာလက်ထပ်မှာဘဲ...ဒီကြားထဲမှာကိုယ်ကြိုးစားခွင့်ရှိသေးတယ်လေ...ကိုယ်ကြိုးစားမယ် baby မင်းကိုယ့်ကိုပြန်ချစ်လာအောင်ကိုယ်ကြိုးစားပါ့မယ်...

Chanyeol အတွေးနဲ့အတူ ပြုံးလိုက်မိတယ်...baby ဆီသွားဖို့အတွက် ရေချိုးခန်းထဲဝင်ကာရေမိုးချိုးလိုက်တယ်

Baby မျက်လုံးထဲမှာသူ့ပုံစံက ချောမောနေဖို့အတွက် အနည်းငယ်ပြင်ဆင်လိုက်မိတယ်

ခပ်ဖွာဖွာထားထားတဲ့ဆံပင်အဖြူတွေကို နည်းနည်းလူငယ်ဆန်သွားအောင် ရှေ့ကိုအနည်းငယ်ချလိုက်တယ်

ဒူးမှာအနည်းငယ်ဖြဲထားတဲ့ဂျင်းဘောင်းဘီကိုဝတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ အောက်ကရှပ်အင်္ကျီတစ်ထည်ဝတ်ဆင်လိုက်ပြီး အပေါ်အနွေးထည်အဖြစ် leather အင်္ကျီကိုထပ်ဝတ်ဆင်လိုက်တယ်

ကားသော့ကိုဆွဲဝှေ့ယမ်းကာ မျက်မှန်ကို smart ကျစွာတပ်ရင်း လေလေးတချွန်ချွန်နဲ့လျှောက်လာတဲ့သူ့ပုံစံက တွေ့တိုင်းသူတိုင်းသမင်လည်ပြန်လှည့်ကြည့်ရအောင် ချောမောလွန်းနေသည်။

ကားသော့ဖွင့်ကာ ဝူးကနဲမောင်းထွက်သွားတဲ့သူ့ရဲ့ကားလေးဦးတည်ရာက Baekhyun အိမ်ဆီသို့....

*****************ကြွေရုပ်**************

ပါးပြင်ထက်နူးညံ့တဲ့အထိအတွေ့တစ်ခုကြောင့် Kris မျက်လုံးတွေကိုမဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်ကြည့်လိုက်မိသည်။

ကြွေရုပ်(Complete)Where stories live. Discover now