"ကြယ်လေးဆိုတာ ကျွန်တော့်ဘဝအတွက်တစ်သက်လုံးမေ့မရတဲ့သူပေါ့"
"ဘဝအတွက် တသက်လုံးမေ့မရတဲ့သူ? အချစ်ဦးလား?"
"ဒီလိုပါဘဲ hyung...ကျွန်တော်အဲ့အကြောင်းတွေကိုမေ့ဖို့ကြိုးစားနေတာပါ အဲ့တာကြောင့်ပြန်အစမဖော်ချင်တော့ဘူး"
"အင်းပါ မင်းမပြောချင်လဲ hyung အတင်းမမေးတော့ပါဘူး ကဲ ခုခဏအိပ်လိုက်ဦးနော် ဒဏ်ရာကသက်သာသေးတာမှမဟုတ်တာ"
"Nae hyung"
Chen စကားကြောင့် Baekhyun ကုတင်ပေါ်မှာလှဲကာ မျက်လုံးမှိတ်ထားလိုက်သည်။
Chen hyung ထွက်သွားတော့မှ မျက်လုံးအသာဖွင့်ကာ လည်ပင်းကဆွဲကြိုးလေးကိုကိုင်ရင်း
"အရမ်းသတိရတယ် ကြယ်လေး....မင်းငါ့ကိုမမှတ်မိတော့ဘူးနော်...ငါကတော့ဘယ်အချိန်ဖြစ်ဖြစ်မင်းကိုမှတ်မိနေပါတယ်"
Baekhyun ပြောရင်းမျက်ရည်တစ်စက်က ခေါင်းအုံးပေါ်လိမ့်ဆင်းသွားလေရဲ့...
နောက်တော့ ဆေးအရှိန်ကြောင့် အိပ်မက်ကမ္ဘာဆီသို့...Baekhyun ဒီတစ်ခေါက်တော့ စောစောကလိုအိပ်မက်ဆိုးမဟုတ်တော့ဘဲ ပျော်စရာအိပ်မက်လေးမက်နေဟန်တူသည်။
သူ့မျက်နှာလေးမှာပေါ်နေတဲ့အပြုံးလေးက သူဘယ်လောက်ပျော်နေကြောင်းသက်သေပြနေသယောင်....
အိပ်မက်ထဲမှာတော့ ကောင်လေးနှစ်ယောက် အပြုံးကိုယ်စီနဲ့စကားပြောနေကြလေရဲ့...
******************ကြွေရုပ်*************
Chen ဆေးရံခန်းထဲကထွက်လာတော့ Chanyeol ပြေးလာကာ
"Hyung...baby သက်သာရဲ့လား? ခုကျွန်တော်သွားတွေ့လို့ရပြီလား?"
"သက်သာပါတယ် ခုတော့မသွားနဲ့ဦး သူအိပ်နေတယ် ခဏနေမှသွားလေ"
"Aww Nae hyung...ဒါနဲ့လေ သူကျွန်တော့်ကိုအရမ်းစိတ်ဆိုးနေလားဟင်...ကျွန်တော့်ကြောင့်.."
"အင်း စကားပြောပုံကြည့်ရတာတော့မင်းကိုအဲ့လောက်စိတ်မဆိုးဘူးထင်တာဘဲ...ငါလဲသေချာမပြောတတ်ဘူး"
"Nae..."
"ဒါနဲ့ Kris ရော? သူ့ Baekhyun သတိရတာမသိသေးဘူးမလား?"
DU LIEST GERADE
ကြွေရုပ်(Complete)
RomantikWu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသောအခါ... တဇွတ်ထိုးဆန်တဲ့ Wu Chanyeol နဲ့ အစွဲအလမ်းကြီးတဲ့ Wu Kris ဘယ်သူက Byun Baekhyun ကိုပိုင်ဆိုင်ခွင့်ရလိမ့်မလဲ? ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရရင...