ကြွေရုပ်-42

7.7K 407 3
                                    

Airpot ၌ China ကလာတဲ့လေယာဉ်စိုက်ပြီမို့ လူအများအပြား သူတို့ရဲ့ မိဘ သားသမီး ဆွေမျိုး သူငယ်ချင်းစသည်တို့ကိုမသီးသီးစောင့်နေကြသည်။

သူတို့လိုဘဲ အနက်ရောင်ဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့သူများကလဲ Airpot မှာရှိနေကာ သူတို့ရဲ့သူဋ္ဌေးကိုစောင့်နေကြသည်။

ထိုအနက်ရောင်ဝတ်စုံဝတ်လူတွေရဲ့ရှေ့ဆုံးမှာ အခန့်သားရပ်နေတာကတော့ လူဆိုးလူမိုက်ကောင်လို့နာမည်ကြီးတဲ့ Lee Jung Woo...

လေယာဉ်ဆိုက်ပြီးခဏကြာတော့ အနောက်တိုင်းဝတ်စုံအပြည့်လူဆယ်ယောက်လောက်နဲ့အတူ လေဆိပ်ကထွက်လာတဲ့ လူတစ်ယောက်...

အသက်အရမ်းကြီးတဲ့အရွယ်ထဲမှာမပါပေမဲ့ သူ့မျက်ဝန်းတွေကတော့ ဘယ်လောက်ကောက်ကျစ်ကြောင်းဖော်ပြနေသယောင်...နှခမ်းပါးထက်ချိတ်ဆွဲထားတဲ့ မဲ့ပြုံးကလဲ သိပ်ဘဝကျစရာတော့မကောင်းလှ...

သူ့နာမည်က Kim Young Min တဲ့...Oh group ရဲ့လက်ရှိ CEO တစ်ယောက်...Sehun ရဲ့ဦးလေးဆိုလဲမမှားပေ...

Kim Young Min ထွက်လာတာမြင်တော့ Lee Jung Woo သူ့ဆီသွားကာ ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး...

"နေကောင်းရဲ့လား Appa...မတွေ့ရတာတောင်ကြာပြီနော်...ဒီကိုဘာကိစ္စရှိလို့လာတာလဲ?"

"Omm ကိစ္စအကြီးကြီးနှစ်ခုရှိလို့ ငါကိုယ်တိုင်လိုက်လာတာ...ဒီကိစ္စကမင်းပါကူညီမှရမယ် Jung Woo"

"Nae Appa ကျွန်တော်က Appa အတွက်ဆိုအမြဲအသင့်ပါဘဲ"

"ဟားဟား...ဟုတ်ပါပြီကွာ အဲ့တာကြောင့်မင်းကိုမွေးရကြိုးနပ်တယ်ပြောတာ...ကဲ အိမ်ကိုအရင်သွားရအောင် ဟိုရောက်မှပြောတာပေါ့ မင်းလုပ်ရမဲ့ကိစ္စတွေကို"

"Nae..."

Lee Jung Woo...
Kim Young Min ရဲ့မွေးစားသားတစ်ဦး...လူယုံတော်ခိုင်းဖက်တစ်ယောက်ဆိုလဲမမှား...အသက်ငယ်ငယ်နဲ့ လူသတ်ကာလူဆိုးလူမိုက်လုပ်နေတဲ့ထိုကောင်လေးကို Kim Young Min သဘောကျ၍ မွေးစားခဲ့ခြင်းသာ...

Lee Jung Woo ကလဲကျေးဇူးသိတတ်သူမို့ Kim Young Min ခိုင်းသမျှကိုအမှားမရှိလုပ်ပေးရင်းသူ့ရဲ့လူယုံတော်တစ်ယောက်ဖြစ်လာခဲ့တာလေ...

ကြွေရုပ်(Complete)Where stories live. Discover now