ကြွေရုပ်-29

7.6K 551 17
                                    

"တစ်ခုချင်းဆီမေးပါ Sehun ရယ်...Hyung ပြောပြမယ်သေချာနားထောင်...သူက မင်းရဲ့အစ်ကိုဖြစ်နိုင်ချေ 70%ရှိတယ်...ပိုပြီးအတိအကျသိရအောင် DNA တော့စစ်ရလိမ့်မယ်...သူ့နာမည်က.....Byun Baekhyun တဲ့"

"Nae???!!!!!"

Xiumin စကားကြောင့် Sehun အံ့သြသွားရသည်။ အခုဆေးရုံပေါ်ရောက်နေတဲ့ Baekhyun hyung ကသူ့အစ်ကိုတဲ့လား??

"Hyung သေချာရဲ့လားဗျာ"

Sehun သေချာသွားအောင်နောက်တစ်ကြိမ်ထပ်မေးကြည့်မိသည်။

"အင်း hyung ပြောသလိုဘဲ ဖြစ်နိုင်ချေ 70% ရှိတယ်
Baekhyun ကငယ်ငယ်တုန်းကမိဘတွေနဲ့ကွဲသွားလို့တဲ့ Moonlight မိဘမဲ့ဂေဟာကိုရောက်လာခဲ့တာ....ပြီးတော့ hyung အဲ့ဂေဟာကိုသွားစုံစမ်းကြည့်တော့ အဲ့ကmother က Baekhyun ငယ်ငယ်တုန်းကပုံတွေပြတယ်...အဲ့ပုံထဲက ကလေးလေးက မင်းတို့မိသားစုပုံထဲကကလေးပုံနဲ့တူတူဘဲ Sehun...နောက်ဆုံးတော့ hyung တို့ရှာတွေ့ခဲ့ပြီပေါ့"

Sehun, Xiumin နဲ့ဖုန်းပြောနေရင်း မျက်ရည်တွေထိန်းမရအောင်စီးကျလာတော့သည်။ ဝမ်းနည်းလို့ကျတဲ့မျက်ရည်မဟုတ်ပါဘူး ပျော်လွန်းလို့ အရမ်းပျော်လွန်းလို့ကျတဲ့မျက်ရည်ပါ

ဟိုးငယ်ငယ်လေးကတည်းက တစ်ဦးတည်းသောသားလို့ဘဲသိထားခဲ့တဲ့ကျွန်တော့်ဘဝမှာ အခြားညီအစ်ကိုတေအတူသွား အတူလာမြင်ရင် သူတို့ကိုအရမ်းအားကျခဲ့ရတယ်...ကျွန်တော့်မှာလဲ အစ်ကိုဖြစ်ဖြစ် ညီဖြစ်ဖြစ် တစ်ယောက်လောက်ရှိရင်သိပ်ကောင်းမှာဘဲဆိုတဲ့အတွေးမျိုးဝင်ခဲ့တာ...နောက်တော့ omma ပြောပြလို့သိခဲ့ရတယ်

ကျွန်တော့်မှာအစ်ကိုနှစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်း...ပျော်ပွဲစားထွက်ရင်းသူတို့ပျောက်သွားတယ်ဆိုတဲ့အကြောင်း...omma တို့ပြန်ရှာပေမဲ့ဘယ်လိုမှပြန်မတွေ့ခဲ့ဘူးဆိုတဲ့အကြောင်းစုံကျွန်တော်သိခဲ့ရတယ်

အဲ့တုန်းကကျွန်တော်အရမ်းပျော်ခဲ့သလို အရမ်းလဲဝမ်းနည်းခဲ့ရတယ်....ပျော်တယ်ဆိုတာက ကျွန်တော့်မှာလဲ ကျွန်တော်အရမ်းလိုချင်ခဲ့တဲ့အစ်ကိုတွေရှိတယ်ဆိုတာသိလိုက်ရတာကြောင့်ပါ

ဝမ်းနည်းတာကတော့ ကျွန်တော်သူတို့ကိုလုံးဝမမှတ်မိဘူးလေ....အသက်တစ်နှစ်ကျော်ဘဲရှိသေးတဲ့ကျွန်တော့်အတွက်ဘသူတို့မျက်နှာတွေကိုမမှတ်မိပေမဲ့ ကျွန်တော်သူတို့ကိုရှာချင်တယ်....ကျွန်တော့်အစ်ကိုတွေကပျောက်ဆုံးသွားတာလေ သေဆုံးသွားတာမှမဟုတ်ခဲ့တာဘဲ....အဲ့တာကြောင့်တစ်နေ့တော့ ကျွန်တော်သူတို့ကိုပြန်ရှာတွေ့မှာပါဆိုတဲ့အတွေးနဲ့ နှစ်ပေါင်းများစွာ ကြိုးစားပြီးရှာခဲ့တယ်

ကြွေရုပ်(Complete)Where stories live. Discover now