ကြွေရုပ်-31

8K 565 11
                                    

"ဒီမှာရှိနေတာ? ဘယ်သူလဲ သူက?"

"သူက....သူက..."

Sehun မပြောချင်ပေမဲ့ ပြောမှဖြစ်မှာမို့ သက်ပြင်းချလိုက်ကာ မျက်လုံးမှတ်ချလိုက်ရင်း ပြောလိုက်တာက

"Chanyeol hyung........."

📲Hello Angel......📲

Sehun စကားပြောနေရင်းဖုန်းဝင်လာတာကြောင့် အားလုံးကိုလက်ပြကာခဏထွက်သွားခဲ့သည်။

ကျန်ခဲ့တဲ့သူတွေမှာတော့ Luhan ကလွဲပြီးကျန်သုံးယောက်လုံး အံ့သြစွာကြိမ်သက်နေကြသည်။

ထိုသုံးယောက်ထဲမှာအတုန်လှုပ်ဆုံးဖြစ်နေတာက Chanyeol....

Sehun..Sehun ခုဘာပြောသွားတာလဲ? ကျွန်တော်က...Baby နဲ့သူ့ရဲ့အစ်ကို?...Aryniya မဖြစ်နိုင်တာ သူမှားပြောတာနေမှာပါ...ဟုတ်တယ် သူမှားပြောတာ...

Chanyeol တုန်လှုပ်စွာ Luhan hyung ကိုမေးဖို့ပြင်လိုက်ပေမဲ့သူ့ထက်အရင်ဦးအောင်မေးလိုက်တဲ့ baby ကြောင့် Luhan hyung ပြောလာမဲ့စကားကိုသာနားစွင့်နေလိုက်မိသည်။

"Luhan hyung....စောစောက Sehun ဘာတွေပြောသွားတာလဲ? ကျွန်တော်နဲ့ Chanyeol နဲ့ကညီအစ်ကိုတွေလား? မဖြစ်နိုင်တာ hyung လုံးဝမဖြစ်နိုင်ဘူး....Aryniya ဖြစ်လို့လဲမရဘူး hyung...ကျွန်တော်နဲ့သူကလက်ထပ်ပြီးပြီလေ...ပြီးတော့...ပြီးတော့ မှားခဲ့ကြပြီးပြီလေ....မဟုတ်ဘူးမလား hyung...jelba မဟုတ်ဘူးလို့ပြောပေးပါ"

ကမ္ဘာပျက်မတတ်ဖြစ်နေတဲ့ Chanyeol နဲ့ Baekhyun ပုံစံကိုကြည့်ပြီး Luhan အံ့သြသွားသလိုရယ်လဲရယ်ချင်လာသည်။

ဟုတ်သားဘဲစောစောက Sehun စကားမဆုံးခင်ဖုန်းလာလိုက်တော့ Chanyeol hyung ဆိုတဲ့နေရာမှာတင်ရပ်သွားခဲ့တာဘဲ....အဲ့တာကြောင့် Baekhyun အစ်ကိုက Chanyeol လို့ထင်နေတာပေါ့...

Luhan ပထမတော့အမှန်ကိုပြောပြဖို့ပြင်လိုက်ပေမဲ့ သူ့ရဲ့စတတ်တဲ့အကျင့်ကြောင့် စချင်လာတာနဲ့ မျက်နှာကိုချက်ချင်း ဝမ်းနည်းတဲ့ပုံပြောင်းလိုက်ကာ

"Hyung လဲပြောရတာစိတ်မကောင်းပေမဲ့ ဒါအမှန်တရားပါ....လက်ထပ်ထားတော့လဲဘာဖြစ်လဲ ပြန်ကွာရှင်းလိုက်ပေါ့....မှားခဲ့တယ်ဆိုတာလဲ မသိလို့မှားခဲ့တာဘဲလေ...သိသိကြီးနဲ့မှားခဲ့တာမှမဟုတ်တာ"

ကြွေရုပ်(Complete)Where stories live. Discover now