ကြွေရုပ်-10

8.7K 568 4
                                    

Kris အခန်းထဲမှာထိုင်ပြီး လက်ကျန်အရက်တွေကိုတစ်ခါတည်းမော့ချပစ်လိုက်တယ်

သူ့စိတ်ထဲတစ်မျိုးကြီးဘဲခံစားနေရတယ်...မကြိုက်ဘူး..စောစောကတွေ့ခဲ့ရတဲ့မြင်ကွင်းကိုလုံးဝသဘောမကျဘူး!!! Wae?? Wae?? ကလေးကဘာလို့မျက်ရည်ကျရတာလဲ??? ဘာလို့သူ့အတွက်မျက်ရည်ကျရတာလဲ?! ကိုယ့်ကိုသစ္စာမဖောက်ပါနဲ့နော် ကလေး...ကိုယ်ကသစ္စာဖောက်တဲ့သူတွေကိုတအားမုန်းတာကလေးသိပါတယ်...ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး ကိုယ်ချစ်တဲ့ကလေးက ကိုယ့်ကိုမထားခဲ့ပါနဲ့နော်

ကိုယ်ကလေးကိုယုံကြည်ပါတယ်..အကြွင်းမဲ့ယုံတယ်
ဒါပေမဲ့လေ Wu Chanyeol ကိုတော့ ကိုယ်မယုံဘူးကလေး...ကိုယ့်ကိုချစ်တယ်ဆိုရင် ကျေးဇူးပြုပြီး သူနဲ့မပတ်သတ်ပါနဲ့နော်

အမှန်တော့ Kris စောစောက Baekhyun တို့အိမ်သွားခဲ့တယ်...

အေးနေတဲ့ကြားထဲကအပြင်မှာကွေးကွေးလေးထိုင်နေတဲ့ Chanyeol ကိုမြင်တော့ ဘာလုပ်နေတာလဲစူးစမ်းချင်စိတ်ကြောင့် ကားထဲကမထွက်ဘဲ သူ့ကိုခဏကြည့်နေခဲ့တယ်လေ

သူကြည့်နေတာတော်တော်ကြာတဲ့အထိ Chanyeol ကထိုင်နေတာမို့ သူ့ကို ကလေးဆီမလာဖို့ပြောမယ်ဆိုပြီး ကားပေါ်ကဆင်းမယ်အလုပ် အိမ်ရှေ့ကိုထွက်လာတဲ့ကလေးကြောင့် ခဏလေးစောင့်ကြည့်နေလိုက်တယ်

ကလေးနဲ့ Wu Chanyeol နဲ့စကားပြောနေတယ်...သူရှိနေတဲ့နေရာနဲ့ ကလေးတို့စကားပြောနေတဲ့နေရာကနည်းနည်းဝေးတာမို့သူတို့ဘာတွေပြောနေလဲ ဘာမှတော့သေချာမကြားရ..ဒါပေမဲ့ကလေးမျက်ရည်ကျနေတာကို သူမြင်နေရတယ်...ဘာလို့လဲ? ဘာလို့လဲ ကလေး....ဘာအကြောင်းကြောင့်ကလေးကသူ့အတွက်မျက်ရည်ကျရတာလဲ?

Wu Chanyeol ကလေးလက်ကိုဆွဲလိုက်တယ်...ဟင့်အင်း ရုန်းလေကလေး ဘာလို့မရုန်းတာလဲ? ကလေးရဲ့လက်နုနုလေးကို ကိုယ်တစ်ယောက်ဘဲကိုင်ချင်တယ်ကလေး ကျေးဇူးပြုပြီး ရုန်းလိုက်ပါ...

ကျွန်တော်ဒီမြင်ကွင်းကိုဆက်ကြည့်ချင်စိတ်မရှိတော့ဘူး...Wu Chanyeol!! ကျွန်တော်သူ့ကိုအပြတ်ပြောထားမှရမယ်...ဘယ်တော့မဆို Wu Kris က Wu Chanyeol ကိုအမြဲနိုင်နေရမယ်...ဘယ်တော့မှမရှုံးစေရဘူး Wu Chanyeol

ကြွေရုပ်(Complete)Onde histórias criam vida. Descubra agora