ကြွေရုပ်-43

7.1K 419 6
                                    

ဒီရက်ပိုင်းတွင်း Chanyeol, Kris နဲ့ Sehun တို့သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး တိုးတိုး တိုးတိုးနဲ့ တစ်ခုခုကိုကြိတ်လုပ်နေပုံရတာမို့ Baekhyun တို့သုံးယောက်သိပ်မသင်္ကာချင်တော့...

အရင်တုန်းက ၆ယောက်ဆုံဖို့ခဲယဉ်းသလောက် ခုတလော Chanyeol နဲ့ Kris hyung က Sehun ဆီဘဲခဏခဏလာနေတာမို့ Baekhyun နဲ့ Tao ပါလိုက်လာရစမြဲ....

သူတို့ဘာသာသူတို့အလုပ်ကိစ္စလုပ်နေတာမို့မလိုက်ပါဘူးဆိုလဲမရ...စိတ်မချဘူးဆိုပြီးအတင်းခေါ်နေတော့တာဘဲ...ဘာတွေကိုများစိတ်မချဖြစ်နေလဲမသိဘူး...

အဲ့လိုခေါ်လာပြီး သူတို့နားနေလားဆိုတော့လဲမဟုတ်...သုံးယောက်သားခေါင်းချင်းဆိုင်နေတာနဲ့ သူတို့ကိုစကားတစ်ခွန်းတောင်မပြောတာကြောင့် ဒေါသထွက်လာရသည်။

တစ်ရက်နှစ်ရက်ဆိုတော်သေးတယ် ခုဟာက တစ်ပတ်ပင်ရှိတော့မယ်သူတို့ဒီလိုလုပ်နေတာက...ဘာတွေလုပ်နေတာလဲလို့မေးပြန်တော့လဲ မသိထားတာဘဲကောင်းပါတယ် သိရင်အန္တရာယ်ရှိနိုင်တယ်ဆိုပြီးဘယ်တော့မှမပြောပြဘူးလေ...

ဒါသက်သက်လူကိုဒေါသဖြစ်အောင်ဆွနေတာဘဲ...

"Wu Chanyeol!!!!"

"Wu Kris!!!!"

"Oh Sehun!!!!"

အသံသုံးသံက တပြိုင်နက်ထဲကျယ်လောင်စွာထွက်ပေါ်လာသည်မှာ နားကွဲထွက်မသွားတာကံကောင်း...တော်တော်အသံအောင်ကြတာဘဲ...

ကျယ်လောင်လှတဲ့အသံတွေကြောင့် Chanyeol တို့သုံးယောက်လှည့်ကြည့်မိတော့ သူတို့ကိုပြာကျမတတ်စိုက်ကြည့်နေတဲ့ Baekhyun တို့သုံးယောက်...

Chanyeol တို့သွား ၃၂ချောင်းလုံးပေါ်အောက်ရယ်ပြလိုက်ကာ သူတို့နားသွားပြီး...

Yeol-"baby လေးဘာဖြစ်နေတာလဲကွာ ရုပ်ကြီးကလဲဆူပုတ်နေတာဘဲ...ဘာလဲကိုယ့်ကိုစိတ်ဆိုးနေတာလား?"

Baek-"ဟုတ်တယ် သတ်ပစ်ချင်နေတာ...လူကိုပစ်ထားတာ ဘယ်နှရက်ရှိပြီလဲ ဟမ်?!! Wu Chanyeol!! ပြောစမ်းပါဦး သုံးယောက်သားဘာတွေအဲ့လောက်တောင်တိုင်ပင်နေကြတာလဲ?!"

Lu-"ဟုတ်တယ် Hun လဲပြောစမ်းပါဦး...Lu ကိုပေးမသိနိုင်ရလောက်အောက်ဘာတွေတိုင်ပင်နေတာလဲ?"

ကြွေရုပ်(Complete)Where stories live. Discover now