ကြွေရုပ်-40

7.8K 453 3
                                    

"Channie ah..."

ကားမောင်းနေတဲ့ Chanyeol ရဲ့ပုခုံးလေးကိုခေါင်းမှီကာ သူ့နာမည်ကိုခေါ်လိုက်တဲ့ Baby ကြောင့် Chanyeol သူ့ကိုလှည့်ကြည့်လိုက်မိသည်။

"ပြောလေ baby ကိုယ့်နာမည်ကိုခေါ်ပြီးဘာမှလဲမပြောဘူး"

"ဒီနေ့ Sehunnie တို့ဆီသွားရအောင်"

"အမ်? Baby ပြောတော့ဒီနေ့ date လုပ်မလို့ဆို"

"Date ကနောက်နေ့မှလုပ်လို့ရတယ်လေ...ဒီနေ့ Kris hyung ကလဲ Sehunnie ဆီသွားတာဆိုတာတော့ baby လဲသွားချင်တယ်...baby တို့ညီအစ်ကိုသုံးယောက်မဆုံရတာကြာပြီလေ"

"ဒါပေမဲ့...."

"Channie ကလဲလုပ်ပါလို့နော်...baby သွားချင်လို့ပါဆို...နော်...နော်လို့"

သူ့လက်မောင်းကိုဖက်တွယ်ကာ ကလေးလေးတစ်ယောက်လိုချွဲနေတဲ့ Baby ကြောင့် Chanyeol သက်ပြင်းချကာ ခေါင်းညိမ့်ရပြန်သည်။

အမှန်တော့သူမသွားချင်ပါ...ဒီနေ့ baby နဲ့အတူတနေကုန်လျှောက်လည်ပြီး ပျော်စရာအကောင်းဆုံး date ဖြစ်အောင်လုပ်ချင်ခဲ့တာ...ဒါပေမဲ့လဲ baby က Sehun ဆီဘဲသွားချင်တယ်ဆိုတော့လဲ...ဟူး...နောက်တစ်ခေါက်မှပေါ့ Wu Chanyeol ရေ...

Chanyeol ကိုယ့်ကိုကိုယ်အားပေးကာ ကားကို Sehun တို့အိမ်ပြန်လှည့်လိုက်ရတော့သည်။

"Yayyyy....ဒါမှ wuri yeobo ကွ...အဲ့တာတွေကြောင့်ချစ်နေရတာ ~mwak~"

အပျော်လွန်သွားတဲ့ပုံနဲ့ လက်ခုပ်လေးတီးကာ ခုန်ပေါက်နေရင်း သူ့ပါးလေးကိုလာနမ်းတဲ့ baby ကြောင့် Wu Chanyeol တို့အသည်းယားရပြန်ပြီ

"Aigoo ဒီကလေးတော့ အသည်းယားအောင်လာလုပ်နေတာ ကိုက်စားလိုက်ရ"

"ခ်ခ် ကြောက်ပါတယ် yoda ကျိရယ်...baby လေးကိုတော့ကိုက်မစားပါနဲ့"

အသည်းယားအောင် အမျိုးမျိုးပြောနေတဲ့ Baby ကြောင့် Chanyeol တို့တကယ်ပင်ကိုက်စားချင်လာပြီ...

ခုချိန်မှာကလေးလေးတစ်ယောက်လိုချွဲနေတဲ့ baekhyun ကအရင်တုန်းက တည်ငြိမ်လွန်းပြီး အရယ်အပြုံးသိပ်မရှိတဲ့ ပန်းချီဆရာလေး Baekhyun ဆိုတာဘယ်သူကယုံမှာလဲ

အချစ်နဲ့တွေ့ရင်လူတွေကပြောင်းလဲတတ်ကြတာဘဲလား??

Chanyeol အချိန်ခဏမျှကားမောင်းပြီးတဲ့အချိန်မှာတော့ Luhan hyung တို့်အိမ်ရောက်လာခဲ့သည်။

ကြွေရုပ်(Complete)Where stories live. Discover now