ကြွေရုပ်-21

7.9K 541 6
                                    

Chanyeol နဲ့ Baekhyun လက်ထပ်ပွဲကိုအောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့တယ်

အားလုံးပြီးစီးသွားပြီမို့ မိဘတွေကိုနှုတ်ဆက်ကာ ကားပေါ်တက်ခါနီး ရုတ်တရပ်ကြမ်တမ်းစွာဝင်ရောက်လာတဲ့ကားတစ်စီး...

ထိုကားက Chanyeol တို့ရဲ့မင်္ဂလာကားဘေးမှာ အကြမ်းပတမ်းရပ်လိုက်တာမို့အားလုံးလန့်သွားကာ ကားပေါ်ကလူဆီအားလုံးအာရုံစိုက်လာကြသည်။

Kris ရဲ့ကားမှန်းသိတဲ့ Baekhyun, Chen, Kai နဲ့ Wuသူဋ္ဌေးကြီးတို့က ပြသနာဖြစ်မှာစိုးရိမ်နေတာကြောင့် မျက်နှာအတော်လေးပျက်နေကြလေပြီ

ထို့အတူထိုကားကိုသာစိုက်ကြည့်နေတဲ့ Chanyeol ကိုလဲစိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေကြပြန်တယ်

Kris ကကြိမ်းသေပေါက်ပြသနာရှာဖို့လာတာလေ အဲ့တာကို Chanyeol ကပါသည်းမခံဘူးဆိုရင် နှစ်ယောက်သားရန်ပွဲတွေဖြစ်ကြမှာကြိမ်းသေပင်...

အားလုံးစိုးရိမ်နေကြတဲ့အချိန် Kris လဲကားပေါ်က ဒုန်းစိုင်းဆင်းလာလေပြီ

ဆင်းလာလာချင်း သူ့ကိုစိုက်ကြည့်နေတဲ့ Chanyeol ရဲ့အင်္ကျီကော်လံစကိုဆောင့်ဆွဲလိုက်တာမို့ အားလုံးဆူဆူညံညံဖြစ်ကုန်ကြသည်။

"အရမ်းပျော်နေတယ်ပေါ့!!! ဟုတ်လား Wu Chanyeol!!!!"

"Hyung လူတွေရှိနေတယ်"

Baekhyun, Kris ရဲ့လက်ကိုဆွဲကာတားလိုက်တော့ Kris သူ့ကိုအနည်းငယ်တွန်းလိုက်ကာ

"မင်းအသာနေ Byun Baekhyun!!! ငါ့ကိစ္စငါရှင်းမယ်!!!"

Kris, Baekhyun ကိုအကြည့်စူးစူးတွေနဲ့စိုက်ကြည့်ကာ စိမ်းစိမ်းကားကားပြောလိုက်တာမို့ Baekhyun မျက်ဝန်းထဲကမျက်ရည်စတွေကဖိတ်မခေါ်ပါဘဲနဲ့ကျဆင်းလာကြတယ်

Baekhyun ကိုပြောပြီးတာနဲ့ Kris သူ့ရဲ့အကြည့်စူးစူးကို Chanyeol ဆီပြန်ပို့ကာ

"မင်းပိုင်ဆိုင်ချင်တာ ပိုင်ဆိုင်ခွင့်ရပြီဆိုတော့ သိပ်ပျော်နေတယ်ပေါ့"

Kris, Chanyeol ရဲ့အင်္ကျီကော်လံစကိုအတင်းဆွဲထားတာမို့ လည်ပင်းညှစ်ထားသလိုဖြစ်နေကာအသက်ရှူပင်ကြပ်လာရသည်။

"အခြားမှာသွားပြောရအောင် ဒီမှာလူတွေအများကြီးဘဲ"

Chanyeol ဘက်ကအရင်လိုဒေါသမထွက်ဘဲ တည်တည်ငြိမ်ငြိမ်တုန့်ပြန်နေတာကြောင့် Kris လှောင်သလိုတစ်ချက်ရယ်လိုက်ကာ

ကြွေရုပ်(Complete)Where stories live. Discover now