ကြွေရုပ်-41

Start from the beginning
                                    

"ဘာမဆိုင်တာလဲ? Email ရောက်မရောက်တော့မင်းငါ့ကိုဖုန်းဆက်မေးသင့်တာပေါ့...ငါEmail တွေကိုသေချာမစစ်တတ်တဲ့အကျင့်ရှိတာမင်းသိရဲ့သားနဲ့"

"ဖြစ်ရတယ်...ငါ့အမှားပေါ့ဟုတ်လား?! အဲ့နေ့ကစပြီးဖုန်းနံပါတ်ပြောင်းသွားတာ ဘယ်သူလဲ?! မင်းဖုန်းနံပါတ်မသိဘဲငါကဘယ်လိုဆက်မလဲ? ပြီးတော့ ငါ့မှာလဲအလုပ်တွေနဲ့ကွ...မင်းသိလောက်ပြီထင်ပြီး မေ့မေ့လျော့လျော့ဘဲနေခဲ့တာ မင်းဘာသာမင်း Email မစစ်တာကိုငါ့အပြသ်လာလုပ်နေတယ်"

"ဖုန်းကပျောက်သွားလို့အသစ်လဲလိုက်တာ...ငါလဲစိတ်ညစ်နေတာနဲ့မင်းကိုနံပါတ်အသစ်ပေးဖို့မေ့သွားတယ်....ငါ့အပြသ်ဘဲထားပါတော့...ဒါပေမဲ့ ငါမင်းကိုမကျေနပ်ဘူး"

"အမ်? ဘာဖြစ်ရပြန်ပြီလဲကွာ"

"မင်းအစကောင်းလို့ ငါနဲ့ Chanyeol နှစ်ယောက်လုံးဘယ်လောက်ခံစားခဲ့ရတယ်မှတ်လဲ? ငါ့ကိုလဲ Tao ကိစ္စနဲ့စတယ် Chanyeol ကိုလဲ Baekhyun ကသူ့ညီပါဆိုပြီစတယ် အဲ့တာကြောင့်မင်းသေဖို့သာပြင်တော့"

"ဟုတ်တယ် ကျွန်တော်လဲ အဲ့နေ့ကကိစ္စနဲ့ပတ်သတ်ပြီး Luhan hyung ကိုသိပ်ကျေနပ်နေတာမဟုတ်ဘူး တွေ့ပြီပေါ့"

Chanyeol နဲ့ Kris ပြောပြီးတာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကာ Luhan ဆီပြေးသွားတာမို့ Luhan ငယ်သံပါအောင်အော်ရင်း Sehun နောက်ကိုပြေးသွားတော့သည်။

Lu-"Yarrr နှစ်ယောက်တစ်ယောက်ဆိုပြီးငါ့ကိုအနိုင်မကျင့်နဲ့နော်...Hun ရေကယ်ပါဦး... hyung ကိုဟိုနှစ်ကောင်အနိုင်ကျင့်တော့မယ်"

Kris-" အခုမှ ကယ်ပါတွေမကယ်ပါတွေလုပ်မနေနဲ့ အဲ့နောက်အစအနောက်သန်တာ တွေ့ပြီပေါ့ကွာ"

Chanyeol နဲ့ Kris လူယုတ်မာပြုံးပြုံးကာ သူ့နားကပ်လာတော့ Luhan တစ်ယောက် Sehun နောက်အတင်းပုန်းနေလေရဲ့...

Sehun ကတော့ သူ့ Lu လေးကိုအနိုင်ကျင့်မှာစိုးတာကြောင့် ကာကွယ်နေဟန်နဲ့ Luhan ရှေ့ရပ်ကာ

"Hyung တို့ကျွန်တော့် Lu လေးကိုအနိုင်မကျင့်နဲ့နော်...ကျွန်တော့် Lu လေးကိုထိရင်အကြီးတွေလဲငိမ်ခံနေမှာမဟုတ်ဘူး"

Sehun ပြောလိုက်တော့ Luhan သူ့နောက်ကနေခေါင်းလေးပြူထွက်လာကာ

"တွေ့လား အဘိုးကြီးတွေ Hun လေးကငါ့ကိုအမြဲကာကွယ်ပေးမှာ blah blah~~"

ကြွေရုပ်(Complete)Where stories live. Discover now